Computer Technician တော်တော်များများဟာ Software များကို Portable Version အနေနဲ့ အသုံးပြုလာတာများပါတယ်။
ဘာကြောင်လဲဆိုတော့ PortableSoftware တော်တော်များများကိုသုံးခြင်းအားဖြင့်
ကျွန်တော်တို့ ကွန်ပျူတာရဲ့ Memory အသုံးပြုမှု Harddisk အသုံးပြုမှုကို
လျော့နည်းစေတဲ့အပြင် ကျွန်တော်တို့ Portable အနေနဲ့ပြုလုပ်ထားတဲ့ Software
တွေကို သွားလေရာမှာအလွယ်တကူ ယူဆောင်သွားနိုင်ပါတယ်။
အဓိကအရေးကြီးတဲ့အချက်ကတော့ ကျွန်တော်တို့ဟာ Software တွေကို Install
လုပ်စရာမလိုတာပါပဲ။ Portable Software တွေရဲ့ အခြားအားသာချက်တွေကတော့
သူတို့တွေဟာလည်း Software installation ဖြစ်ပေမယ့် install
လုပ်စရာအချိန်မလိုပဲနဲ့ Double click
နှိပ်လိုက်ယုံနဲ့တင်သုံးလို့ရပါတယ်တယ်။
နောက်တစ်ချက်ကတော့ ကျွန်တော်တို့သဘောကျတဲ့ ဆော့ဝဲတွေကို (
နိုင်ငံခြားမှာဆိုရင် ၀ယ်သုံးရတယ်) ကျွန်တော်တို့ ကွန်ပျူတာထဲမှာ
ထည့်ပီးတော့ Install လုပ်ပီးတာနဲ့ Portable Version
အဖြစ်သိမ်းထားလို့ရပါတယ်။
ဒါကြောင့် ကျွန်တော်တို့ဟာတစ်ခြားကွန်ပျူတာတွေမှာ Softwareတွေကို Portable
Version အနေနဲ့သုံးလျှင်နောက်ထပ် ပိုက်ဆံထပ်မပေးရပါဘူး။နောက်တစ်ချက်ကတော့
ကျွန်တော်တို့အတွက် အမြဲတမ်းမလိုအပ်တဲ့ ဆော့ဝဲတွေကို တစ်ခနတာ
အသုံးပြုဖို့အတွက် install လုပ်လိုက်ခြင်းဖြင့် မလိုအပ်တဲ့application
တွေကို Registry ထဲဝင်ရေးခြင်းမှကင်းရှင်းစေပါတယ် ဒါကြောင့်ကျွန်တော်တို့
ကွန်ပျူတာတွေထဲကို Software install လုပ်စရာမလိုတဲ့အတွက် Registry ကို
သန့်ရှင်းစေပါတယ်။
ဒါ့အပြင် တစ်ခြားအရေးကြီးတဲ့ အချက်ကတော့ ကျွန်တော်တို့ဟာ Portable
Software တွေကိုသုံးခြင်းဖြင့် တခြားမလိုလားအပ်တဲ့
တစ်ခြားသူတစ်ယောက်ဖန်တီးထားတဲ့ Fake Software တွေရန်မှ ကာကွယ်နိုင်ပါတယ်။
ဥပမာ အားဖြင့်တော့ ကျွန်တော်တို့ဟာ တစ်ခြားသူတစ်ယောက်ကွန်ပျူတာမှာ
သွားသုံးမယ်ဆို၇င် Portable Softwareတွေကိုယူသွားဖြင်းဖြင့် - Fake Gtalk
account, Firefox Add-on တွေကိုမသုံးပဲ
ကိုယ်တိုင်ယုံယုံကြည်ကြည်လုပ်ထားတဲ့ Portable Software နဲ့
အသုံးပြုနိုင်ပါတယ်။
နောက်ထပ် မြန်မာနိုင်ငံက အင်တာနက်ဆိုင်တို့လို Domain Login Server
ခံထားတဲ့ ကွန်ပျူတာတို့လို Software installation တွေပိတ်ထားတဲ့နေရာမှာ
ကျွန်တော်တို့ဟာ Portable Software တွေကိုသုံးခြင်းအားဖြင့်
ကျော်လွှားနိုင်မှာဖြစ်ပါတယ်။
No comments:
Post a Comment