Blogger news

Showing posts with label phone ဆိုင်ရာ. Show all posts
Showing posts with label phone ဆိုင်ရာ. Show all posts

Saturday, August 23, 2014

♫♫ဖုန်း ထဲမှာ ပိုက်ဆံ ရှိသည့်တိုင်အောင် အင်တာနက်လိုင်း တက်မရသည့် ပြသာနာဖြေးရှင်းနည်း♫♫


ထိုင်းနိုင်ငံအတွင်း 12call , Dtac ဖုန်းလိုင်း နဲ့ စမတ်ဖုန်းအသုံးပြုသူများအတွက်တာ ဖြစ်ပါတယ်...။

အဖြစ်များနေတဲ့ပြဿသာနာပါ မိမိဖုန်းမှာ ပိုက်ဆံ ရှိပေမဲ့
အင်တာနက်လိုင်း ဖွင့်လို့ မရဘဲ ဖြစ်နေတတ်ပါတယ်
ဒါဆိုရင်   ၁။APN Setting ကြောင့်လား ?
             ၂။ SIM Card ရဲ့  Net Data Off ဖြစ်နေလို့လား ? ဆိုပြီး ၂ ချက်ရှိပါတယ်...
အများအားဖြင့်တော့ APN (Access Point Name) Setting ပျက်သွားလို့ ဖြစ်တာများပါတယ်..

 
 ANDROID ဖုန်းများရဲ့  APN Setting ပြန်ဖြည့် ဖို့အတွက် အောက်မှာ ပုံလေးတွေနဲ့ ပြထားပါတယ်..
 ဖုန်းရဲ့ Setting မှ More Networks သွားပါ ..၊
(အချို့ Android version2.3 ဖုန်းဆိုရင်Wireless and network နှိပ်ပါ)
 Mobile networks မှ Access Point Names(APNs) နှိပ်ပါ

ဖုန်းရဲ့ Menu key ကို နှိပ်ပြီး New APN ကိုနှိပ်ပါ




12call သုံးသူများဆိုရင် 
     Name နေရာမှာ AIS Internet ရေးထည့်ပါ
     အောက်က APN နေရာမှာ www.ais.co.th ရေးထည့်ပါ
     Menu ကိုနှိပ်ပြီး Save လုပ်ပြီး ပြန်ထွက်လိုက်ပါAIS Internet ကို check လုပ်ခဲ့ပါ..
    ပြီးရင် Mobile Data Connection ကို On(check) ပြီး  အင်တာနက်ဖွင့်ကြည့်ပါ..အဆင်ပြေပါလိမ့်မယ်  
အဲလိုမှ အင်တာနက် တက်မရဘူး ဆိုရင်
   12call sim card ရဲ့ net data ကို ဖွင့်ပေးဖို့လိုအပ်ပါတယ်၊
   12call ရဲ့ Netdata ON ဖို့ *192*2# နှိပ်ပြီး ခေါ်ပါ (ကြောက်နေနဲ့အုံး..ပိုက်ဆံမကုန်ပါဘူး ငဲငဲ)
   ခနနေရင် Net data ဖွင့်လိုက်တဲ့ အကြောင်း စာအိတ်ဝင်လာရင်.
   ဖုန်း ပိတ်လိုက်ပါ...ဖုန်းပြန်ဖွင့်ပြီးရင် သုံးလို့ ရပါဘီ..၊


Dtac ဖုန်း လိုင်းသုံးသူဆိုရင်

   Name မှာ DTAC Internet ရေးထည့်ပါ၊
   အောက်က APN နေရာမှာ www.dtac.co.th ရေးထည့်ပါ..
   Menu ကို နှိပ်ပြီး Save လုပ်ပြီး ပြန်ထွက်လိုက်ပါ၊
   Dtac Internet ကို check လုပ်ပါ၊

   ပြီးရင် Mobile Data ကို On(check) ပြီး အင်တာနက်ဖွင့်သုံးကြည့်ပါ..
   များသောအားဖြင့် အွန်လိုင်းသုံးရပါပြီ ...၊

အဲလိုမှမရသေးရင် အင်တာနက် တက်မရဘူး ဆိုရင်
   Dtac(Happy) sim card ရဲ့ Net data ON  ဖို့ အတွက်
   *104*71*9# ကို နှိပ်ခေါ်လိုက်ပါ....၊စာအိတ်ဝင်လာရင် ဖုန်းပိတ်လိုက်ပါ ...
   ဖုန်းပြန်ဖွင့်ရင် အင်တာနက်လိုင်းသုံးလို့ရပါပြီး ..

Tuesday, July 15, 2014

AIS LAVA iris 456 ကို Offical Rom တင်နည်း



ထိုင်းနိုင်ငံမှာ AIS 12Call Company တံဆိပ်နဲ့ထုတ်လုပ်ရောင်းချတဲ့ LAVA ဖုန်းတွေကို သူငယ်ချင်းတွေဈေးသက်သာတယ်ဆိုပီးဝယ်ယူသုံးနေကြပါတယ် တကယ်လည်းသုံးလို့ကောင်းတဲ့ဈေးသက်သာတဲ့ဖုန်းပါ မြန်မာစာထည့်ဖို့ Root ဖောက်ပီး Font Changer တွေထည့်ကြတဲ့အခါ အကြောင်းအမျိုးမျိုးကြောင့် Logo မှာရပ်နေပီး Firmware ကျသွားတဲ့အခါ သူငယ်ချင်းတွေစိတ်ညစ်တာပေါ့နော် အဲ့ဒါကြောင့် အဆင်ပြေအောင် Firmware Rom ပြန်တင်နည်းကိုတင်ပေးလိုက်ပါတယ် လိုအပ်တဲ့ ROM & Flashtool ကိုအောက်မှာဒေါင်းလိုက်ပါ



Download LAVA iris 456 ROM

Download Flashtool

တင်နည်းကတော့ Flashtool နဲ့တင်နည်းအားလုံးနီးပါးတူပါတယ် Spflashtool နဲတင်နေကျဖြစ်နေလို့  တင်တက်ကြမှာပါ တင်မတက်တဲ့ သူငယ်ချင်းတွေ အောက်မှာရှင်းပြထားပါတယ် တင်နည်းက တူတူပါဘဲ
အရင်ဆုံး firmware မတင်ခင် ကွန်ပျူတာမှာ usb driver ကိုအရင်သွင်းထားရမှာပါ ဒါမှ firmware တင်လို့ အောင်မြင်မှာပါ ဒါဆို firmware တင်ဖို့ အတွက် Flash Tool ဖိုဒါထဲကအပြာရောင်နဲ့ Flash Tool စာတန်နေရာမှာနှိပ်ဖွင့်ပါဒီပုံအတိုင်တက်လာပါမယ်




ပြီးရင် ဇယာကွက်ပုံစံ flash toot တက်လာပြီဆိုရင်ဒုတိယစာတန်း Seatter-Loading နေရာမှာနှိပ်ပြီး စောစောက ဒေါင်းထားတဲ့ဖိုင်းဝဲလ်ဖိုဒါ ကိုဖွင့်လိုက်ပြီး အထဲက MT65xx........ စာတန်ကိုရွေးပေးလိုက်ပါ
ဒါဆိုအားလုံးအိုကေနေပါပြီ firmware တင်မဲ့ဖုန်းမှာ အရင်ဆုံး ဖုန်းကိုပိတ်ပြီး ဘတ်ထရီးဖြုတ်လိုက်ပါ ပြီးရင်
usb ကြိုးထိုးပြီးချိတ်ဆက်ပေးလိုက်ပါ ပြီးရင်ဘတ်ထရီ ပြန်ထဲပြီး ဒီအတိုင်းထားလိုက်ပါ ပါဝါဖွင့်စရာမလိုပါဘူး
ကွန်ပျူတာကဖုန်းကိုသိပြီဆိုရင် အပေါ်က downloand နေရာမှာနှိပ်ပြီး ထားလိုက်ပါ ခဏနေအောက်နားမှာ
ရာခိုင်နှုန်းတန်းတက်လာပါမယ် ၁၀၀ ရာခိုင်နှုန်ပြည့်ပြီးဆိုရင် ဖုန်းကိုဖြုတ်လိုက်ပြီး ဘက်ထရီပါထုတ်လိုက်ပြီး ခဏထားတာပါ




ဒီပုံမျိုး အစီမ်းရောင်းအ၀ိုင်းလေးပေါ်လာရင် အာလုံးအောင်မြင်ပါပြီ ဖုန်းကိုချိတ်ဆက်မူကိုဖြုတ်လိုက်ပြီး
ဘက်ထရီးခဏပြန်ထုတ်လိုက်ပါ ပြီးရင်ခဏထားပြီး ဘက်ထရီးပြန်တက်ပါ ပြီးရင်ပါဝါကိုဖွင့်ပေးလိုက်ပါ
Firmware တင်လို့အဆင်ပြေပါပီ။

သူငယ်ချင်းများအားလုံးအဆင်ပြေပါစေနော်.............

Tuesday, July 8, 2014

အခြေခံမိုဘိုင်းဖုန်းError များနှင့် ဖြေရှင်းနည်းအကျဉ်းချုပ်များ (For Beginner)


ပထမဦးဆုံးပြောလိုတာကတော့ မိမိထင်ရာတွေသာရေးထားတာဖြစ်လို့ အမှားတွေပါနိုင်ပါတယ် ပြီးတော့ ခုမှစတင်မယ့်သူတွေအတွက်သာဖြစ်ပြီး ဆရာသမားတွေအတွက်ရယ်စရာလေးတွေသက်သက်ဖြစ်ပါတယ်
မိုဘိုင်းဖုန်းဟာဒ်ဝဲပိုင်းမှာတော့ ခဲဂေါက်၊ဟော့ဂမ်းစတဲ့အခြေခံကျတဲ့ကိုင်တွယ်မှုတွေကို မကြာခန လေ့ကျင့်ပေးခြင်းဖြင့် မိမိကျွမ်းကျင်မှုကိုမြင့်တင်နိုင်ပါတယ်။ ခဲဂေါက်မနိုင်ရင် တကယ်တမ်းလက်တွေ့လုပ်တဲ့အခါမှာ အခက်အခဲတွေကြုံတွေ့ရမှာဖြစ်တာမို့ပါ။
hardware သမားတစ်ယောက်ပြုလုပ်ထားရမှာတွေကတော့
1/ Basic Electronic Principles
2/ Reading layout diagram
3/ Using Hot Gun,PowerSupply & other hardware repair tool
4/ Hardware practical&general knowledge
5/chaning CPU,Power IC & Jumper
စသဖြင့်လေ့လာထားသင့်ပါတယ်။ ဒီapplication မှာ တစ်ခုချင်းစီရှင်းပြမယပို့စ် မဟုတ်ဘဲ မိမိအတွေ့အကြုံအရ အဖြစ်များတဲ့ hardware error တွေနဲ့ ဖြေရှင်းနည်းတွေကို အကျဉ်းချုပ် note သဘောရေးသားတင်ပြမှာဖြစ်ပါတယ်။ မိမိလက်တွေ့လုပ်ငန်းခွင်ဝင်တဲ့အခါများစွာ အသုံးဝင်မှာဖြစ်ကြောင်း အာမခံပါတယ်။
၁။ အားသွင်းခေါင်းဖြုတ်လျှင် အားသွင်းခေါင်းဘေးရှိ conponent R/C များကို လွှင့်မကျအောင် မီးခံတိပ်ကပ်ပြီး အပူ 300ံနဲ့လေအဆုံးထိတင်ကာ ပတ်ပတ်လည်ပြေးပေးပါ။မသောအခါတွင် ဆွဲမခြင်း မပြုရ။အထိုက်အလျောက်ကျွတ်ပါလာမည်ဖြစ်ပါသည်။
ထို့နောက် တင်နာဖြင့်ပြောင်အောင်ဆေးပေးပါ။ထို့နောက် အပေါက်ကလေးများကို ခဲဂေါက် ခဲစုတ်တံသုံးပြီး အပေါက်ပြန်ဖောက်ပြီး အားသွင်းခေါင်းအသစ်အား အံဝင်အောင်ချပြီး HOT Gun ၃၀၀ ဖြင့် ပတ်ပတ်လည် အပူပြေးပါ။ ခြေငုတ်ကလေးများကို စိအောင်သေချာအပူပေးပါ။မစိလျှင်အားမ၀င်ပါ။အားလုံးတပ်ဆင်ပြီးလျှင် တင်နာဖြင့်ပြန်ဆေးပါ။ သေချာအောင် အားသွင်းခေါင်းအသစ်ခြေထောက်ကလေးများကို ခဲလိုက်ပေးလိုက်ပါ။
၂။ ဘက်ထရီမကောင်းလို့ ရှော့ရိုက်မယ်ဆို supply ကို ဗို့အဆုံးထိတင်..အပေါင်းအနုတ်မှန်အောင်ချိတ် Shock ရိုက်ပေးပါ။ ဆယ့်ငါ့းစက္ကန့်လောက်ကြာရင် supply ကို 4.0 ဗို့ကိုပြန်ချိတ်ပြီး အားသွင်းပေးလိုက်ပါ။
၃။ Huawei 8812,8818,8825 တို့လို အပေါ်ဘုတ်နဲ့အောက်ဘုတ် နှစ်ကန့်ပါတဲ့ ဖုန်းတွေမှာ အားမ၀င်ခြင်း လိုင်းမတက်ခြင်း မိုက်မရခြင်း အယ်ရာများတပြိုင်နက်ဖြစ်ပေါ်လျှင် အပေါ်ဘုတ်နဲ့အောက်ဘုတ် ကို ဆက်ပေးသော ကြိုးပြားအားစစ်ပါ။ဆော့ကက်ငုတ်ကလေးများကောင်းမကောင်းစစ်ပေးပါ။အပေါ်အောက်ဆော့ကက်တပ်ဆင်ထားတာ မိ မမိ စစ်ပါ။
၎။ ဖုန်းခေါ်စဉ်မီးမှိတ်သွားပြီး ပြန်တက်မလာဘဲ တစ်ဖက်က ဖုန်းချမှပြန်လင်းလာပါက Sensor အား HotGun250ဖြင့်ဖြုတ်ချပါ။
၅။ Touch လဲလျှင် အဟောင်း Touch ကိုအရင်မခွာရပါ။ဆိုင်တွင်ဖုန်းဆက်မေးပြီးးလျှင် သွားစမ်းပါ။အားလုံးကောင်းပြီးဝယ်လာပြီးမှာ အဟောင်းကိုခွာချပ်။ Touch ပြန်ကပ်လျှင် လက်ရာများအားသေချာစွာပြန်သုတ်ပေးပါ။ သံဇကာပေါက်ကလေးအားလည်း ပြန်တပ်ဖို့မမေ့ပါနဲ့။
၆။ ပါဝါမလာသောဖုန်းများလင်အပ်လျှင် အားသွင်းကြိုးအရင်ထိုးကြည့်ပါ။ပါဝါနိုးလာလျှင် ခလုတ်အား တစ်ခက်စစ်ကြည့်ပေးပါ။အားသွင်းကြိုးထိုးလို့ ပါဝါလာသောဖုန်းသည် ခလုတ်ကြောင့်သာဖြစ်သည်။
၇။ earpiece, speaker အသံတိုးလျှင်အသစ်လဲပြီးလို့အသံတိုးနေလျှင် သံဇကာပေါက်အ၀တ်စလေးများအားခွာချလိုက်ပါ။အသံပိုကျယ်လာပါမည်။
၈။ ဆိုင်တွင် ဘက်ထရီ အားလုံးဝ ဒေါင်းနေလျှင်လည်း no power ဖြင့် လာအပ်တတ်သည်။ဘက်ထရီကို ရှော့ရိုက်လိုက်ပါ။
၉။ အထိုင်socket နဲ့တွဲပါလာသော Sim Card နှင့် Momory ကဒ်မဖတ်လျှင် ထိုင် ဆော့ကက်အထိုင်တို့အား ဆေးပါ။။မကောင်းမှအသစ်လဲပါ။
၁၀။ ဆင်းဒ်ကဒ်မဖတ်လျှင် ငုတ်ကျိုးမကျိုး စစ်ပြီး ငုတ်များအောက်သို့နိမ့်နေလျှင် အပေါ်သို့မတင်ပေးပါ။တင်နာဖြင့်ဆေးပါ။
၁၁။ ဖုန်းဘုတ်များပေါ်တွင် ချော်ရည်များ တင်နာများသုံးပြီးပြောင်းစင်အောင်မဆေးဘဲ ဟော့ဂမ်းဖြင့်ခြောက်သွေ့အောင် အပူမပေးလျှင် ဘုတ်ရှော့သွားတတ်သည် ။ မွဲကိန်းဆိုဒ်လာမည်။
၁၂။ Mic,Earpiece,Speaker များအသံတိုးသည်ပြောပါက volume ကိုထပ်ချဲ့စမ်းကြည့်ပါ။မရမှာhardware စစ်ပါ။အသံပိုင်းဆိုင်ရာဆော့ဝဲများကြောင့် တိုးနေခြင်းလည်းဖြစ်တတ်သည်။
၁၃။ လိုင်းမတက်လျှင် လိုင်းနှင့်ဆိုင်တဲ့ငုတ်ကလေးများကိုရှာပြီးတော့ jumper ကြိုးလေးများဖြင့်ဆက်ကြည်ပါ။တင်ငုတ် နှစ်ငုတ်...
၁၄။ ဟော့ဂမ်း ခဲဂေါက်စသည်တို့ကိုင်တွယ်မှုသည် ဟာဒ်ဝဲသမားရဲ့ အသက်ဖြစ်သည်။
၁၅။ ပါဝါမလာသောဖုန်းအားပြင်ရန် မည်သည့်နေရာမှ စပြင်ရန်စဉ်းစားမရပါက တင်နာဖြင့် ဘုတ်ကိုဆေးပါ။ ဆပ်လိုင်းချတ်ပါဝါပြန်နိုးပါ။
၁၆။ Touch, LCD များမကွဲမရှဘဲ ဆွဲမရ LCD မလာ တို့ဖြစ်နေပါက Touch /LCD socket များအား တင်နာဖြင့်ဆေး အထိုင်ကျအောင်ဖိချပေးပါ။မရမှသာ အသစ်လဲပါ။
၁၇။ Touch IC မှာ C3H လို့စာရေးထားပါတယ်။huawei 8813 ရဲ့ Touch ic သည် ဘယ်ဘက် ဆင်းဒ်အထိုင်ရဲ့အပေါ်မှာရှိသည်။Huawei 8818 ရဲ့ Touch Ic သည် နားကြပ်ငုတ်ရဲ့ အောက်ဘက်လိုင်းငုတ်ကလေး သုံးငုတ်ရဲ့ C3h ပါသောအိုင်စီဖြစ်သည်။8825 တွင် ဘယ်ဘက် ဆဒ်းအထိုင်ရဲ့ အပေါ်ဘက်တည့်တည့်တွင်မြင်ရသော အိုင်စီအသေးမှာ Touch ic ဖြစ်သည်။
၁၈။ Huawei phone များတွင် wifi ic သည်ကင်မရာရဲ့ ဘေးမှာ အဖြူအမဲနှစ်ထပ် အိုင်စီရဲ့ အောက်မှာရှိပါတယ်။တစ်ခါတစ်ရံ သံပြားအုပ်ထားပါတယ်။သံပြားခွာကြည့်ပါ။အဖြူအမဲနှစ်ထပ်အိုင်စီသည် ဘလူတုသ်အိုင်စီဖြစ်ပါတယ်။ပါဝါဖွင့်ပြီးscreen မှိတ်သွားပြီးပါဝါကျသွားသေ ဖုန်းများ ဘက်ထရီထုတ်ပြန်တပ်ပြီးမှာ ပါဝါပြန်နိုးသောဖုန်းများတွင် ၀ိုင်ဖိုင်အိုင်စီ ဖြုတ်ပေးခြင်းဖြင့်ဖြေရှင်းနိုင်သည်။ဖြုတ်ထားသော ၀ိုင်ဖိုင်အိုင်စီရဲ့ ငုတ်ကလေးများ ပူးသွားလျှင် ရှော့ကျတတ်သည်။ ခဲရှင်းပေးလိုက်ပါ။
၁၉။ အားစားသော ဖုန်းများဖြေရှင်းလိုလျှင်
ဘက်ထရီထည့်တဲ့အခါ အောက်ခြေတွင် ပိုကျပ်အောင်စက္ကူခံပေးပါ။ မရလျှင် supplyချိတ်ပြီး Ampx စားမစားကြည့်ပါ။များနေလျှင် ဘုတ်ကြောင့်သာဖြစ်သည်။ဘုတ်အား တင်နာဖြင့်ဆေးပြီး ဟော့ဂမ်းနဲ့ခြောက်အောင်အပူပေးလိုက်ပါ။
၂၀။ Touch လဲပြီး Touch မရလျှင် ကြောင်နေလျှင် touch ကြိုးပြားခေါက်မခေါက် gnd ကျမကျ ပြန်စစ်ပေးပါ။မရလျှင် socket လေးအား အသာအယာ ဓါးဖြင့်ခြစ်ပေးပါ။
၂၁။ huawei တွင် မိမိ မဖြုတ်ခင် ဆင်းဒ်ဖတ်ပြီး ပြန်တပ်ခါမှာမဖတ်တော့လျှင် ဖုန်းငုတ်များကိုသေချာစွာ ကြပ်ပေးကြည့်ပါ။
၂၂။ ငုတ်နှစ်ငုတ်အားလှပ်ပြီး ပါဝါနိုးသော်လည်း မနိုးပါက ထိုငုတ်နားရှိ R/C ထိပ်ကလေးများအား ဇာဂနာဖြင့်ထောက်ပြီးနိုးကြည့်ပါ။
၂၃။ Mic,Earpiece,Speaker, shockကျနေလျှင်လည်းပါဝါမလာပါ။
၂၄။ ဆော့ကက်နှင့်လာသော ပါဝါခလုတ်များအား ဆော့ကက်ဖြုတ်ပြီး ဆော့ကက်အထိုင်အား supply အနီတံဖြင့်ပါဝါနိုးနိုင်သည်။နိုးပုံမှာ ဘုတ်အား supply ဖြင့်ချိတ်ပါ။supply ရဲ့ အလယ်သံချောင်းအားညာဘက်သို့ testပြောင်းပေးပြီး အနီတံခလုတ် ဆော့ကက်လေးအား ပါဝါ နိုးသောငုတ်ကိုထောက်ကြည့်ပါ။ပါဝါလာသောငုတ်အားသိလိုလျှင် ဆော့ကက်ခြေထောက်လေးများအား ထောက်ကြည့်ရပါသည်။
၂၅။ အပေါ်ဘုတ်နှင့်အောက်ဘုတ် ခွဲပါသောဖုန်းများတွင် charging ခေါင်းလဲပြီး အားမ၀င်ပါက အလယ်ဆက်ထားသော ကြိုးပြားကောင်းမကောင်း မိ မ မိစစ်ကြည့်ပါ။ Mic Speaker မရလျှင် လိုင်းမတက်လျှင်လည်း ထိုကြိုးပြားအားစစ်ကြည့်နိုင်သည်။
၂၆။ ရေ၀င် ရှော့ကျုဖုန်းများအား တင်နာဖြင့်ရေဂျိုးများအားဆေးပေးရမည် တင်နာဖြင့်ဆေးလျှင် အပြင်ဗန်းသာမက သံပြားများအားကိုလည်းခွာပြီးနေရာလွတ်မကျန်အောင်ဆေးပေးပါ။သံပြားသည် အရှင် အသေနှစ်မျိုးရှိသည်။အသေထိုင်ထားလျှင် HOT Gun 300 Air 6 ဖြင့် ခွာချပါ။ပြီးနောက် တင်နာနှင့် ချော်ရည်များအားပြောင်အောင်ဆေးပေးပါ။မရလျှင် ဘုတ်အား supplyတွငိချိတ်ပြီး အော်နေလျှင် supplyတွင်မအော်သည်အထိ လျှော့ချပါ။မအော်တော့လျှင် ပူသော R / C ic များကိုရှာပါ။R/C များပူနေလျှင် ပူနေသော R/C များအားဖြုတ်ချပေးပါ။ Shock လွှတ်သည်အထိ လုပ်ပါ။
၂၇။ Touch ပြားအကောင်းများကိုခွာလိုလျှင် java ဖုန်း touch တွင်ပါသော ကော်ပြားအား ထောင့်လေးထောင့် ကတ်ကြေးဖြင့်ဝိုက်ညှပ်ပြီး ထိုကော်ပြားဖြင့်ခွာနိုင်ပါသည်။အပူ ၁၀၀ ပေးပြီးခွာရမည်။
၂၈။ လိုင်းမတက်လျှင် နက်ဝပ်အဖြူကြိုးနှင့်အထိုင်လိုင်း ပွိုင့်ငုတ်ကလေးများကိုသေချာစစ်ပေးပါ။အပေါ်ဘုတ်နှင့်အောက်ဘုတ်တွင် အလယ်ကြိုးပြား ဆော့ကက်ကောင်းမကောင်း မိ မမိ စစ်ပေးပါ။ဖုန်းငုတ်များမတပ်ရသေးလျှင်လည်း လိုင်မတက်တတ်ပါ။နက်ဝပ် အိုင်စီ ဖြစ်သော RF/PA line အိုင်စီများကို အပူ 200 ခန့်ဖြင့်အပူပေးကြည့်ပါ။မရလျှင် JUMPER ကျော်ပေးနိုင်သည်။
၂၉။ Earpiece ကိုလဲပြီးမရပါက ဘုတ်ကိုစစ်ပြီးမရပါက နားကြပ်ခေါင်းမှ JUMPER ကျော်ပေးရမည်။ဘယ်သံညာသံလာသောငုတ်မှ earpiece အပေါင်းငုတ်သို့ ကျော်ပေးပါ။ အပေါင်းမရ အနှုတ် ပို့ မရပါက နှစ်ကြိုးလုံးပို့ပါ။
၃၀။ ၀ယ်လို့မရသော ပါဝါခလုတ်များ နှင့် ဒီဂျစ်တယ်မိုက်များကို jumper ပြုလုပ်ပြီးဖြေရှင်းမည်ဆိုပါက ပါဝါခလုတ်များနှင့် မိုက်များရဲ့ အလယ်ရှိ ကြေးဝိုင်း ကို အပေါင်းစ jumper ကျော်ပြီး အပေါင်းငုတ်တွင် ဆက်ပါ။ ဘေးအ၀ိုင်းအပြင် အ၀ိုင်းကိ အနုတ် စ jumper ကျော်ကာ အနုတ်ငုတ်တွင် သို့ Gnd ချပေးပါ။ တိုက်ရိုက်လည်း jumper လုပ်နိုင်ပါသည်။
၃၁။ ပါဝါဖွင့်ပြီး ပိတ်လိုက်လျှင် ပါဝါမလာတော့သည့် ဖုန်းများကို ဘက်ထရီဖြုတ်ပြီး ပြန်တပ်သည့်အခါ ပြန်လာပြီး ပြန်ပိတ်လျှင် ပါဝါပြန်မလာပါက wifi ic နှင့် Bluetooth အိုင်စီကို ဖြုတ်ချပြီး အကောင်းပြန်တပ်ပေးပါ။
ဒါတွေက ဖုန်းစတင် ပြုပြင်တော့မယ် လူတွေအတွက် အသုံးဝင်ကီးတွေဖြစ်ပါတယ်။ ဒီလိုအခြေမျိုးတွေကိုပိုင်နိုင်အောင်လုပ်ပြီး မိမိဥာဏ်စွမ်းအလျှောက် pro ဖက်သို့ ကူးပြောင်းနိုင်ကြပါစေ...
ဒါကတော့မီတာတိုင်းတဲ့နည်းလေးပါ
၁။ Condenser -တက်ပြီးပြန်ကျလျှင်ကောင်း တက်ပြီးပြန်မကျပါက မကောင်းပါ။နှစ်ဖက်လုံးတက်ပြီး ပြန်မကျပါကမကောင်းပါ--X1 X10 X100
၂။ Resister -တက်ပြီးငြိမ်နေလျှင် ကောင်း မတက်ရင်မကောင်း
X1 X10 X100
၃။ Coil -တက်ပြီးငြိမ်နေလျှင်ကောင်း မတက်လျှင်မကောင်း
X1 X10 X100
၎။ Diode -တစ်ဖက်တက်ပြီး တစ်ဖက်မတက်လျှင်မကောင်း။ နှစ်ဖက်လုံးပြရင်ရှော့။မကောင်း။နှစ်ဖက်လုံးမပြရင်
မကောင်း X1 တွင်ထားတိုင်း
၅။ Fuse -အဆုံးထိတက်ရင်ကောင်း ။ မတက်ရင်မကောင်း X1မှာတိုင်း။
မှတ်ချက်။ ။ ဗို့ လိုင်းမပြသောနေရာများတွင် coil ဒဲ့ ဆက်လို့မရပါ။အသံပိုင်းတွင်သာ ဒဲ့ဆက်နိုင်ပါတယ်။

Sunday, June 29, 2014

၁၅၀၀ တန် CDMA ဖုန်း ( Android) များအတွက် အင်တာနက် Setting ထည့်နည်း



၁၅၀၀ တန် CDMA ဖုန်း ( Android handset အမျိုးအစား) များအတွက် အင်တာနက် Setting ထည့်နည်းကို Myanmar Mobile App Store မှ users များအတွက်တင်ဆက်ပေးလိုက်ပါတယ်။

    Internet Setting ထည့်နည်း
    ၁ – ဖုန်းရဲ့ Setting ထဲကိုဝင်ပါ

    ၂ – Wireless & networks ထဲဝင်ပါ (သို့မဟုတ်) Android version 4.0 နှင့်အထက်ဖုန်းများဖြစ်ပါက Wireless & Network ကဏ္ဍအောက်က More… ထဲသို့ဝင်ပါ။



    ၃ – Mobile networks ထဲကိုဝင်ပါ

    ၄ – Access Point Names ကိုဝင်ပါ

    ၅ – Menu Key ( မျဉ်းကြောင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ

    ၆ – အောက်ပါအတိုင်းလိုက်ဖြည့်ပါ

    Name – မိမိနှစ်သက်ရာ ( ကြိုက်တဲ့နာမည်ပေးပါ။ ဥပမာ – mectel )

    APN – #777

    Proxy – ဘာမှမထည့်ပါ

    Port – ဘာမှမထည့်ပါ

    username –card@c800.mm

    Password – 0000

    Server – ဘာမှမထည့်ပါ

    MMSC – ဘာမှမထည့်ပါ

    MMS Proxy – ဘာမှမထည့်ပါ

    MMS Port -ဘာမှမထည့်ပါ

    MMC – 414 လို့ပေါ်နေရပါမယ်

    MNC – 01 လို့ပေါ်နေရပါမယ်

    Authentication Type – PAP or CHAP

    APN type – * ( * ဒါလေးပဲရေးလိုက်ပါ )

    APN Protocol = IPv4 ကိုရွေးပါ
    ဒါတွေအားလုံးပြီးသွားရင် menu key ကိုနှိပ်ပြီး Save (or) Done ကိုနှိပ်ပါ

    ဒါဆိုရင် အင်တာနက် setting ထည့်ခြင်းအဆင့်ပြီးပါပြီ။

    ဖုန်းအင်တာနက်ကွန်နက်ရှင်ကိုဖွင့်နည်း

    ဖုန်းကနေ အင်တာနက်စတင်သုံးစွဲမယ်ဆိုရင် အောက်ပါအတိုင်းလုပ်ရုံပါပဲ။

    ၁ – setting ကိုဝင်

    ၂ – Wireless & Networks ထဲကိုဝင်

    ၃ – Mobile Network ထဲကိုဝင်

    ၄ – Data Enable ကို အမှန်ခြစ်ပေးလိုက်ပါ

    ဒါဆိုရင် သင့်ဖုန်းရဲ့ Notification Bar ( အပေါ်ဘက် လိုင်းအားပြသောနေရာ နံဘေး) တွင်

    အပေါ်တက်အောက်ဆင်း မြှားလေးတစ်ခုပေါ်လာပါ့မယ် အင်တာနက်စသုံးလို့ရပါပြီ။
၁၅၀၀ တန် CDMA ဖုန်း ( Android) များအတွက် အင်တာနက် Setting ထည့်နည်း ၁၅၀၀ တန် CDMA ဖုန်း ( Android handset အမျိုးအစား) များအတွက် အင်တာနက် Setting ထည့်နည်းကို Myanmar Mobile App Store မှ users များအတွက်တင်ဆက်ပေးလိုက်ပါတယ်။ Internet Setting ထည့်နည်း ၁ – ဖုန်းရဲ့ Setting ထဲကိုဝင်ပါ ၂ – Wireless & networks ထဲဝင်ပါ (သို့မဟုတ်) Android version 4.0 နှင့်အထက်ဖုန်းများဖြစ်ပါက Wireless & Network ကဏ္ဍအောက်က More… ထဲသို့ဝင်ပါ။ ၃ – Mobile networks ထဲကိုဝင်ပါ ၄ – Access Point Names ကိုဝင်ပါ ၅ – Menu Key ( မျဉ်းကြောင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ ၆ – အောက်ပါအတိုင်းလိုက်ဖြည့်ပါ Name – မိမိနှစ်သက်ရာ ( ကြိုက်တဲ့နာမည်ပေးပါ။ ဥပမာ – mectel ) APN – #777 Proxy – ဘာမှမထည့်ပါ Port – ဘာမှမထည့်ပါ username –card@c800.mm Password – 0000 Server – ဘာမှမထည့်ပါ MMSC – ဘာမှမထည့်ပါ MMS Proxy – ဘာမှမထည့်ပါ MMS Port -ဘာမှမထည့်ပါ MMC – 414 လို့ပေါ်နေရပါမယ် MNC – 01 လို့ပေါ်နေရပါမယ် Authentication Type – PAP or CHAP APN type – * ( * ဒါလေးပဲရေးလိုက်ပါ ) APN Protocol = IPv4 ကိုရွေးပါ ဒါတွေအားလုံးပြီးသွားရင် menu key ကိုနှိပ်ပြီး Save (or) Done ကိုနှိပ်ပါ ဒါဆိုရင် အင်တာနက် setting ထည့်ခြင်းအဆင့်ပြီးပါပြီ။ ဖုန်းအင်တာနက်ကွန်နက်ရှင်ကိုဖွင့်နည်း ဖုန်းကနေ အင်တာနက်စတင်သုံးစွဲမယ်ဆိုရင် အောက်ပါအတိုင်းလုပ်ရုံပါပဲ။ ၁ – setting ကိုဝင် ၂ – Wireless & Networks ထဲကိုဝင် ၃ – Mobile Network ထဲကိုဝင် ၄ – Data Enable ကို အမှန်ခြစ်ပေးလိုက်ပါ ဒါဆိုရင် သင့်ဖုန်းရဲ့ Notification Bar ( အပေါ်ဘက် လိုင်းအားပြသောနေရာ နံဘေး) တွင် အပေါ်တက်အောက်ဆင်း မြှားလေးတစ်ခုပေါ်လာပါ့မယ် အင်တာနက်စသုံးလို့ရပါပြီ။

သင်ဒီကကူးလာတယ်နော် ဟဲ: http://androidlulin.blogspot.com/2013/04/cdma-android-setting_26.html
မူလစာရေးသူ -->>Android လုလင်(http://androidlulin.blogspot.com/)
၁၅၀၀ တန် CDMA ဖုန်း ( Android) များအတွက် အင်တာနက် Setting ထည့်နည်း ၁၅၀၀ တန် CDMA ဖုန်း ( Android handset အမျိုးအစား) များအတွက် အင်တာနက် Setting ထည့်နည်းကို Myanmar Mobile App Store မှ users များအတွက်တင်ဆက်ပေးလိုက်ပါတယ်။ Internet Setting ထည့်နည်း ၁ – ဖုန်းရဲ့ Setting ထဲကိုဝင်ပါ ၂ – Wireless & networks ထဲဝင်ပါ (သို့မဟုတ်) Android version 4.0 နှင့်အထက်ဖုန်းများဖြစ်ပါက Wireless & Network ကဏ္ဍအောက်က More… ထဲသို့ဝင်ပါ။ ၃ – Mobile networks ထဲကိုဝင်ပါ ၄ – Access Point Names ကိုဝင်ပါ ၅ – Menu Key ( မျဉ်းကြောင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ ၆ – အောက်ပါအတိုင်းလိုက်ဖြည့်ပါ Name – မိမိနှစ်သက်ရာ ( ကြိုက်တဲ့နာမည်ပေးပါ။ ဥပမာ – mectel ) APN – #777 Proxy – ဘာမှမထည့်ပါ Port – ဘာမှမထည့်ပါ username –card@c800.mm Password – 0000 Server – ဘာမှမထည့်ပါ MMSC – ဘာမှမထည့်ပါ MMS Proxy – ဘာမှမထည့်ပါ MMS Port -ဘာမှမထည့်ပါ MMC – 414 လို့ပေါ်နေရပါမယ် MNC – 01 လို့ပေါ်နေရပါမယ် Authentication Type – PAP or CHAP APN type – * ( * ဒါလေးပဲရေးလိုက်ပါ ) APN Protocol = IPv4 ကိုရွေးပါ ဒါတွေအားလုံးပြီးသွားရင် menu key ကိုနှိပ်ပြီး Save (or) Done ကိုနှိပ်ပါ ဒါဆိုရင် အင်တာနက် setting ထည့်ခြင်းအဆင့်ပြီးပါပြီ။ ဖုန်းအင်တာနက်ကွန်နက်ရှင်ကိုဖွင့်နည်း ဖုန်းကနေ အင်တာနက်စတင်သုံးစွဲမယ်ဆိုရင် အောက်ပါအတိုင်းလုပ်ရုံပါပဲ။ ၁ – setting ကိုဝင် ၂ – Wireless & Networks ထဲကိုဝင် ၃ – Mobile Network ထဲကိုဝင် ၄ – Data Enable ကို အမှန်ခြစ်ပေးလိုက်ပါ ဒါဆိုရင် သင့်ဖုန်းရဲ့ Notification Bar ( အပေါ်ဘက် လိုင်းအားပြသောနေရာ နံဘေး) တွင် အပေါ်တက်အောက်ဆင်း မြှားလေးတစ်ခုပေါ်လာပါ့မယ် အင်တာနက်စသုံးလို့ရပါပြီ။

သင်ဒီကကူးလာတယ်နော် ဟဲ: http://androidlulin.blogspot.com/2013/04/cdma-android-setting_26.html
မူလစာရေးသူ -->>Android လုလင်(http://androidlulin.blogspot.com/)

RAM နဲ့ ROM စနစ်အကြောင်း

RAM နဲ့ ROM စနစ်အကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်း အသုံးပြုသူ တော်တော်များများအနေနဲ့ ဖုန်းတွေရဲ့မှတ်ဉာဏ် Memory စနစ်တွေထဲမှာ RAM နဲ့ ROM ဆိုပြီး စနစ်နှစ်ခုကို ခွဲခြားသတ်မှတ်ထားတာကို မြင်ဖူးသိဖူးကြမှာပါ။

ဒီစနစ်နှစ်ခုထဲက ROM ဆိုတာကတော့ Read Only Memory လို့အဓိပ္ပါယ်ရပါတယ်။ Read Only Memory ကို အတိုကောက်အနေနဲ့ ROM လို့ သတ်မှတ်သုံးစွဲခေါ်ဆိုတာဖြစ်ပြီး ROM စနစ်ဟာ သေးငယ်တဲ့ မှတ်ဉာဏ်စနစ်တစ်မျိုးဖြစ်ပြီး ကွန်ပျူတာတွေနဲ့ မိုဘိုင်းဖုန်း Device တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ မှတ်ဉာဏ်အမျိုးအစားတစ်ခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒီမှတ်ဉာဏ်စနစ်ဟာ မရှိမဖြစ်လိုအပ်တဲ့ Smart
ဖုန်းတွေရဲ့ မှတ်ဉာဏ်အမျိုးအစားတစ်ခုဖြစ်ပြီး ဒီမှတ်ဉာဏ်စနစ်ဟာ မိုဘိုင်းဖုန်းတစ်ခုလုံးအတွက် ပါဝါစနစ်တွေနဲ့ လုပ်ဆောင်ချက်စနစ်တွေအတွက် OS တစ်ခုကို သိမ်းဆည်းသိုလှောင်ပေးထားတဲ့ မှတ်ဉာဏ်စနစ်ပိုင်း နေရာလည်းဖြစ်ပါတယ်။ ROM ထဲမှာတင် နောက်ထပ်မှတ်ဉာဏ်ကို ပိုင်းခြားသတ်မှတ်ပေးထားခြင်းရှိပြီး ROM ထဲမှာ Flash Memory ကို ပိုင်းခြားသတ်မှတ်ပေးထားတယ်လို့ ဆိုပါတယ်။ ROM ကို နှစ်ပိုင်း ပိုင်းခြား သတ်မှတ်ပေးထားပြီး ပထမအပိုင်းကိုတော့ ဖုန်းအတွက် မရှိမဖြစ် အရေးပါတဲ့ မှတ်ဉာဏ်ပိုင်းဖြစ်တဲ့ OS ပိုင်းဆိုပြီး သတ်မှတ်ထားပါတယ်။ နောက်ထက် အပိုင်းတစ်ပိုင်းကတော့ Application ပိုင်းပဲဖြစ်ပါတယ်။ နောက်ကျန်ရှိတဲ့ အပိုင်းတစ်ပိုင်းက ဖုန်းထဲမှာ ထည့်သွင်းပါဝင်တဲ့ ဆော့ဖ်ဝဲတွေ Application စနစ်ပိုင်းတွေအတွက် ပြုလုပ်ပေးထားတာဖြစ်တယ်လို့ ဆိုပါတယ်။ ROM ရဲ့မှတ်ဉာဏ်စနစ်ပိုင်းကို နှစ်ပိုင်း ခွဲခြားပေးထားသလိုပဲ ROM ထဲမှာရှိနေတဲ့ မှတ်ဉာဏ်နှစ်ခုကို ခေါ်ဝေါ်သုံးစွဲ ပုံစံချင်းလည်း ခွဲခြားထားပါတယ်။ ဖုန်းအတွက် မရှိမဖြစ်လိုအပ်တဲ့ OS ကိုထည့်သွင်းထားတဲ့ ROM ရဲ့မှတ်ဉာဏ်စနစ်ပိုင်းကိုတော့ တကယ့် ROM အစစ်အမှန်ဖြစ်တယ်လို့ သတ်မှတ်ထားပြီး အသုံးပြုတဲ့သူတွေက ကိုယ့်ရဲ့ဖုန်းကို Root ပြုလုပ်ခဲ့တယ်ဆိုရင်တောင် OS ထည့်သွင်းထားတဲ့ အစိတ်အပိုင်းဟာ ROM ပဲဖြစ်တယ်လို့ သတ်မှတ်ပါတယ်။ ROM ထဲမှာပဲ Application ပိုင်းအတွက် သတ်မှတ်ပေးထားတဲ့ မှတ်ဉာဏ်နေရာကိုတော့ xda ရဲ့ Developer တွေက ROMs လို့ ခေါ်ဆိုသတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ ဒီနေရာဟာ တကယ့် ROM အစစ်ကနေ ခွဲထွက်ပေးထားတဲ့ ပုံရိပ်တစ်ခုလို့ သတ်မှတ်ထားလို့ဖြစ်တယ်လို့ ကျွမ်းကျင်သူများကဆိုကြပါတယ်။


မူရင်း post Eng Version


ROM - Read Only Memory
While the term has changed a bit from it's original meaning, it's essentially computer memory that does not require power to store it's data (non-volitile). In the sense of a smartphone like the Hero, it's the Internal Memory where the OS is stored. From what I've gathered, the Internal Memory is just Flash Memory (a special type of ROM) partitioned into two parts, one for the OS and the rest for apps to use. So, the OS partition essentially is true ROM, unless you root the phone. The software that groups like xda-developers make available are called ROMs because they're a ROM Image. It's why you see games for emulators called ROMs because the games were originally taken from true ROM cartridges.

For the Hero this size is 512MB.

The sdcard is a larger capacity external Flash Memory card.

In a normal computer, ROM in the form of an EEPROM chip is where the BIOS is stored.

RAM - Random Access Memory
This is where current processes that are running are stored and keep the data they need immediately available to them. This is the memory you see when you run any of the Task Managers showing you currently running apps and the available memory. It's a completely different part of the phone from the Internal Memory discussed above. Data stored in RAM requires constant power and does not survive a power cycle of the phone (volitile).
For the Hero this is 288MB.

မိုဘိုင်း ဆင်းမ်ကဒ်အကြောင်း သိကောင်းစရာ




SIM Card ဆိုတာ subscriber identity module သို့မဟုတ် subscriber identification module လို အရှည်ခေါ်ပါတယ်။ မြန်မာလို တိတိကျကျကြီး ဘာသာပြန်ရရင် လစဉ်/ နှစ်စဉ်ကြေး ပေးသွင်းသူ၏ အထင်အရှားလက္ခဏာ များအား သိမ်းဆည်းထားရာ အစိတ်အပိုင်းတစ်ခု လို့ အဓိပ္ပါယ် ရပါတယ်။

တစ်ခါတစ်လေကျရင် တိတိကျကျကြီး ဘာသာပြန်လိုက်တာထက် အင်္ဂလိပ်လို မှတ်သားတာ အကောင်းဆုံးပါပဲ။ သူက Portable Memory Chip လိုမျိုးပါပဲ။ ကြိုးမဲ့ ဆက်သွယ်ရေး နည်းပညာအတွက် အထောက်အပံ့ ပေးတဲ့ သတ္တုနဲ့ ပြုလုပ်ထားတဲ့အတွက် စကားပြောလိုလို့ ရမယ်၊ စကား အသံ အဖြစ်သို့ ပြောင်းလဲပေးမယ့် Transmitter, Receiver ပါရှိ တယ်လီဖုန်းနဲ့ တွဲဆက်အသုံးပြုလိုက်တဲ့အခါ မိုဘိုင်းဖုန်း ဆိုပြီး ဖြစ်လာပါတယ်။

ပါဝင်တဲ့အစိတ်အပိုင်းများက ပုံမှာ ပြထားတဲ့အတိုင်းပါပဲ။ SIM card မှာ မှတ်ဥာဏ်သိမ်းဆည်းနိုင်တဲ့ ပမာဏလည်း အသင့်တင့် ရှိပါတယ်။ ယင်းကလည်း ထုတ်လုပ်သူအပေါ်မှာ မူတည်ပါတယ်။ ကျနော် တို့ မြန်မာပြည်က SIM Card မှာဆိုရင် Phone Address ဘယ်နှစ်ခု ထည့်သွင်း သိမ်းဆည်းနိုင်တယ်ဆိုပြီး သူ့အကန့်အသတ်နဲ့ သူရှိပါတယ်။


အလုပ်လုပ်တဲ့ Network အပေါ်မှာမူတည်ပြီးတော့ GSM, CDMA, WCDMA အစရှိသဖြင့် ကွဲပြားသွားပါတယ်။ GSM ဆိုရင်တော့ Global System for Mobile Communications (GSM) network ပါ။ ဒီအတွက် SIM Card မှာ ကတည်းက တစ်ခါတည်း Program သွင်းထားတဲ့အတွက် CDMA ပဲ Support လုပ်တဲ့ စမတ်ဖုန်းတွေမှာ ထည့်ပြီး အသုံးပြုလို့ မရပါဘူး။ CDMA တို့ဆိုရင်လည်း ဒီတိုင်းပဲ ဖြစ်ပါတယ်။

SIM ကဒ်ကို အကြမ်းအားဖြင့် အမျိုးအစား လေးမျိုး ထပ်ခွဲပါသေးတယ်။

H1 - သာမန်ကွန်ရက်ကို အသုံးပြုသော ဆင်းမ်ကဒ်
H2 - သာမန်ထက်ပိုကောင်းသော ကွန်ရက်ကို အသုံးပြုသော ဆင်းကဒ်
H3 - ပိုမိုကောင်းမွန်သော ကွန်ရက်
H4 - အကောင်းဆုံး ကွန်ရက် ကို အသုံးပြုသော ဆင်းကဒ်

Normal, Better, Better Better, Best ဆိုပြီး အင်္ဂလိပ်လို အလွယ်ပြော လိုက်ပေမယ့် သူ့မှာ Specification ထပ်ကွဲပါသေးတယ်။ ဧရိယာ အကျယ် အဝန်း၊ အပိတ်အဆို့ (Barrier) ဖြတ်သန်းနိုင်စွမ်း၊ မီတာ အကွာအဝေး အစရှိသဖြင့် ထည့်သွင်းတွက်ချက်ပြီး အဆင့်ကို ခွဲခြားထားခြင်း ဖြစ်ပါတယ်။ H4 အဆင့်ကတော့ သာမန်အရပ်သားတို့ အသုံးပြုဖို့ ထုတ်လေ့ထုတ်ထ မရှိပါဘူး။ စစ်တပ်နဲ့ အရေးကြီးပုဂ္ဂိုလ်များ၊ လုံခြုံရေးဝန်ဆောင်မှုနဲ့ စီးပွားရေး လုပ်ငန်းကြီးတွေမှာသာ H4 အဆင့်ရှိ SIM Card ကို နိုင်ငံတကာမှာ ပေးသုံးလေ့ ရှိပါတယ်။ ဘာလို့လဲဆိုတော့ H4 ကဒ် အမျိုးအစားက Bandwidth ပိုစားတဲ့အတွက် အခြား ဖုန်းများရဲ့  လိုင်းဆွဲ အားကို သိသိသာသာ ကျဆင်းစေလို့ ဖြစ်ပါတယ်။

SIM အရွယ်အစားမှာဆိုရင်လည်း Normal SIM, Mini SIM, Micro SIM, Nano SIM အစရှိသဖြင့် အရွယ်အစား အမျိုးမျိုး ထပ်ကွဲပြား ပါသေးတယ်။ ယနေ့ စမတ်ဖုန်းတွေမှာ အများဆုံး အသုံးပြုတာက Mini နဲ့ Micro ဖြစ်ပေမယ့် နောက်ပိုင်း စမတ်ဖုန်းတွေက Nano SIM ကို အသုံးပြုတာကို ဦးတည်လာကြပါတယ်။ SIM ထုတ်သူများက နိုင်ငံတကာ နဲ့ တန်းတူဖြစ်အောင် SIM အရွယ်တစ်ခုကို သတ်မှတ်ပြီး ထုတ်ထား ခြင်းပါ။ Clearance အနေနဲ့ အပြင်အသားက သိသိသာသာ ပိုပါတယ်။ ယင်းအသားက မပါလည်း ဖုန်းကွန်ရက်ကို မထိခိုက်စေပါဘူး။ ရွယ်ရွယ်ချက်က စမတ်ဖုန်းတွေထဲ ထည့်တဲ့အခါ အဆင်မပြေရင် ဖြပ်ညှပ် လိုက်လို့ရအောင်ပဲ ဖြစ်ပါတယ်။ ယင်းတစ်ချက်တည်းတော့ မဟုတ်ပါဘူး။

SIM ကဒ်ထုတ်သူ Company ရဲ့  အချက်အချက်ကို ထည့်သွင်းရေးသားဖို့ အတွက်လည်း နေရာ ဖြစ်ပါတယ်။ အခြားအကြောင်းပြချက်လည်း ရှိပါ သေးတယ်။ ထားလိုက်ပါ။ ကဒ်ရဲ့  အထူကတော့ အားလုံး ၀.၇၆ မီလီမီတာ ဖြစ်ပါတယ်။

Service Provider များက သက်ဆိုင်ရာ SIM Card များရဲ့  Data Security နဲ့ Phone call များအား လုံခြုံမှုရှိအောင် ထိန်းသိမ်းပေးရ ပါတယ်။ ဖုန်း အဝင်အထွက်၊ ကြာချိန်၊ နာရီစက္ကန့်အားလုံး Service Provider တို့ Data Center မှာ ရှိပါတယ်။ အကယ်၍ SIM Card ရဲ့  Data နဲ့ ပက်သက်လို့ သို့မဟုတ် အသုံးပြုမှု အမှားအယွင်း တစ်ခုခုဖြစ်ပေါ်ရင် Lock ကျစေမ့ယ် စနစ်လည်း ပါဝင်တာကို လူတိုင်း သိမှာပါ။


GSM Network မှာတောင်မှ 1G, 2G,3G,3.5G, 4G အစရှိသဖြင့် ထပ်ကွဲ ပါသေးတယ်။ ယနေ့ အများစု အသုံးပြုမှုက 3G ဖြစ်ပြီး ဗီဒီယိုနဲ့ Data ပါ Transfer လုပ်လို့ ရပါတယ်။ 4G ကတော့ နောက်ဆုံးပေါ် နည်းပညာပါ။ ဥရောပမှာဆိုရင် LTE လို့ ခေါ်ပါတယ်။ 4G လည်း Voice, Video, Data Tranfer ပါပဲ။ သို့ပေမယ့် Speed ကျတော့ 3G ထက်သိသိ သာသာ ကောင်းသွား ပါတယ်။

2G က မလုံခြုံပါဘူး။ 2G ကွန်ရက်သုံးတဲ့ ဖုန်းဖြစ်ရင် လုံခြုံရေးနဲ့ ပက်သက် လို့ အရေးကြုံတဲ့အခါ ကဒ်ကိုဖုန်းထဲက ထုတ်ထားတာ အကောင်း ဆုံးပဲလို့ လေ့လာဖူးပါတယ်။ ယင်း Module က Device ထဲ ထည့်ထားတဲ့ အခါ ဖုန်းကို Power out ထားလည်း ကွန်ရက် Center ကနေ ထောက်လှမ်းလို့ လွယ်ကူလို့ ဖြစ်ပါတယ်။

ဖုန်းများ အားကုန် အောင် သုံးခြင်း ကြောင့် ဖြစ်တက်သော ပြသနာ အမျိုးမျိုး နှင့် ဖြေရှင်း ခြင်း

ဖုန်းများ အားကုန် အောင် သုံးခြင်း ကြောင့် ဖြစ်တက်သော ပြသနာ အမျိုးမျိုး
နှင့် ဖြေရှင်း ခြင်း

 ဖုန်း တစ်လုံး က အနည်း ဆုံး ၃.၇ ဗို့ ရှိမှ ပါဝါ တက်ပါမယ် ။ ၃.၇ ဗို့ ထက်နည်း ပါ က ဖုန်း ပေါ် မူတည်ပြီး ပြသနာ အမျိုးမျိုး ဖြစ်ပါတယ်

၁။ လိုဂို ရပ်ခြင်း
၂။ လိုဂို ပဲတက်ပြီး ပြန်ကျခြင်း
၃။ အားသွင်းပုံ ပြ သော်လည်း အားမ၀င် ခြင်း
၎။ ကြိုးထိုး ထားမှ ပါဝါ ဖွင့် ရခြင်း
၅။ အားသွင်းပုံ မပြ ပဲ လုံးဝ ပါဝါ ပျောက် ခြင်း

ဓာတ်ခဲ တွေက 3.7 ဗို့ မှ 4.2 ဗို့ ကြား ထဲ ရှိရပါမယ် ။
3.7v ထက် လျော့ ပါ က အထက်ပါ error များကြုံ တွေ့ နိုင်ပါတယ် ။

ဘာကြောင့် 3.7ဗို့ အောက် လျော့ ကျ သလဲ ??

အကြောင်း အမျိုးမျိုး ရှိပါတယ် ။ အဓိက အဖြစ် များတာ က တရုတ် ဓာတ်ခဲ တွေ ကြောင့် ပါ ။ ဓာတ်ခဲ သုံးတာ ကြာ ရင် လဲ ဖြစ်တက်ပါတယ် ။
ဖုန်း ic တစ်လုံးလုံး မကောင်း တော့ ရင် လဲ လိုတာ ထက် ပို ပြီး အန်ပီယာ ဆွဲ တဲ့ အတွက် ဖြစ်ပါတယ် ။

ဘယ်လို ဖြေရှင်း မလဲ ???

ပုံ မှန် ဓာတ်ခဲ ထုတ် လို့ ရတဲ့ ဖုန်း တွေ က တော့ ဓာတ်ခဲ ထုတ်ပြီး ညှပ် ခွက် ( ဖားပါးစပ် ) နဲ့ အားသွင်း ကြည့် ပါ ။ 3.0 မှ 3.6 ဗို့ အတွင်း လက်ကျန် ရှိပါက ပြန်သွင်း လို့ အဆင်ပြေ နိုင်ပါတယ် ။ဒါ ပေမယ့် အားကုန်အောင် သုံး တိုင်း ပြန်ဖြစ်နေပါမယ် ။ 3.0V အောက် ရောက်ပါ က
ဆိုင် မှာ ပဲ ပြုပြင် နိုင်ပါတော့ မယ် ။
အကောင်း ဆုံးကတော့ ဓာတ်ခဲ လဲ လိုက်ပါ ။

  အထူးသဖြင့် ဓာတ်ခဲ အသေ ဖုန်း တွေ မှာ အတက်နိုင် ဆုံးသတိ ထား သုံး ကြပါ ။ ဥပမာ iphone ၊ Tablet စတာ တွေ ဖြစ်ပါတယ် ။

အဲ့ ဓာတ်ခဲ အသေ ဖြစ်တဲ့ အတွက် ကိုယ် တိုင် လုပ် ဖို့ ခက်ခဲ တဲ့ အတွက် ဆိုင် သွား ရပါမယ် ။စက် ဖြုတ် ရတဲ့ အတွက် ၂၀၀၀ ၊ ၃၀၀၀ လောက် တော့ ပေးရမှာ ပါ ။iphone တွေ ကို တော့ Ipad အားသွင်း ခေါင်း နှင့် ကြိုး ကို အသုံး ပြုပြီး ပြန်လည် သွင်း နိုင်ပါတယ် ။

ကဲ သူငယ် ချင်း တို့ လဲ ဖုန်း ကို Battery Low ပေါ် ရင် ဖုန်းပြော ခြင်း ၊ သီချင်း နားထောင် ခြင်း ၊ Game ဆော့ ခြင်း များ မပြု လုပ် ခြင်း ဖြင့် ရှောင်ရှား နိုင်ပါတယ် ။အကောင်း ဆုံး က ဖုန်း 5% ရောက်ပြီ ဆိုရင် ပိတ်ထား လိုက်ပါ ။

Phone Internet အသုံးပြုနည်းများ။

Blackberry Curve 8520 အင်တာနက် Setting
 1. Menu ထဲကိုသွားပါ။
2. Manage Connection ကိုဝင်ပါ။­­­­­
3. အပေါ်ဆုံးက Mobile Network ကို အမှန်ခြစ် ခြစ်ပါ။
4. အောက်ဆက်ဆင်းပြီး Mobile Network Connection ကို ဖွင့်ပါ။
5. Data Services နဲ့ While Roaming တို့ကို On ထားပါ။
6. ပြီးရင် ပြန်ထွက်ပြီး Menu ထဲက Options ထဲကို ၀င်ပါ။
7. Advanced Options ထဲကို ၀င်ပါ။
8. အောက်ဆုံးက TCP/IP ကိုဖွင့်ပါ။
9. APN Setting Enable ကို အမှန်ခြစ် ခြစ်ပြီး သူ့အောက်က APN: မှာ MPTNET လို့ရိုက်ထည့်ပါ။
10. အားလုံးပြီးရင် Save နဲ့ ပြန်ထွက်လိုက်ပါ။
11. ညာဘက်ထောင့်အပေါ်ဆုံးမှာ edge ပေါ်နေပါလိမ့်မယ်။

Nokia 5800 Internet Setting

Nokia 5800
1. Menu ထဲက Setting ထဲကို သွားပါ။
2. အောက်ဆုံးက Connectivity ထဲဝင်ပါ။
3. Destinations ဆိုတာကို ရှာပြီး ၀င်လိုက်ပါ။
4. Internet ဆိုတာ ထပ်ရှာပြီး ၀င်ပါ။
5. Options ထဲက New Access Point ကိုရွေးပါ။
6. Automatically check for available access point? လို့မေးလာရင် No ကိုရွေးလည်း ရပါတယ်။
7. Select Access Point အမျိုးအစားမှာ Packet Data ကိုရွေးပါ။
8. Packet Data Access Point Name မှာ MPTNET လို့ရေးပြီး OK ပေးပါ။
9. AP အသစ်တစ်ခု ရလာရင် Priority ကို ကြည့်ပါ။ Priority 1 မဟုတ်ရင် အပေါ်ဆုံးတင်ပြီး 1 ထားပေးဖို့ လိုပါတယ်။
10. Priority 1 ထားနည်းက ခုနက Create လုပ်ထားတဲ့ MPTNET ကို selection မှတ်ပြီး Options ထဲကိုဝင်ပါ။
11. Organize ထဲက Change Priority ကိုရွေးပါ။ ပြီးရင် အပေါ်ဆုံးမှာ Priority 1 ဖြစ်နေတဲ့ တစ်ခုကို Select မှတ်ပြီး OK နှိပ်ပါ။ ဒါဆိုရင် MPTNET က Priority 1 ဖြစ်သွားတာ တွေ့ပါလိမ့်မယ်။
12. ပြီးရင် Back နဲ့ အဆင့်ဆင့်ပြန်ထွက်ပြီး Browser ကိုဖွင့်ပါ။ WEB ပွင့်သွားရင် Select Connection မှာ Internet “MPTNET” ဆိုတာကို ရွေးပါ။
13. ဘယ်ဘက်ထောင့် အပေါ်ဆုံးမှာ EDGE သင်္ကေတ E ပေါ်လာပြီး အင်တာနက် စသုံးလို့ရပါပြီ။
14. ပြန်ပိတ်ချင်ရင်တော့ browser ပိတ်လိုက်ရုံနဲ့ EDGE ပိတ်ပါတယ်။

I phone ကို USB ဖြင့် ချိတ်ဆက်၍ အင်တာနက် အသုံးပြုနည်း

Setting ထဲက General ရဲ့
Network မှာ Cellular Data ကိုဖွင့်ပေးပါ။
Mobile Data ရဲ့ APN မှာ mptnet ကိုရိုက်မယ်
MMS APN မှာ လဲ mptnet ပါပဲ
Internet Tethering မှာ mptnet ကိုရိုက်ပါ
ပြီးရင် Personal Hotspot ဖွင့်ပါ
အဲ့အခါ To Connect Using USB ကိုရွေးလိုက်ပါ
ကွန်ပျူတာမှ iTunes ဒါမှမဟုတ် ဖုန်းရဲ့ Driver ထည့်ထားဖို့တော့လိုပါမယ်။

Huawei U8661 အင်တာနက် Setting ထည့်သွင်းနည်း

Settings > Wireless & Network Settings > Mobile Network Settings
Select Subscription ——-> Card 1(or) Card 2 – Access Point Names > တုတ်ချောင်းလေး သုံးချောင်း(MEMU) ကို နှိပ်ပါ။
New APN – Nameမှ mptnet
Apn မှ mptnet အဲဒီနှစ်ခုပဲ ဖြည့်ပေးပါ။
ကျန်တာ ဘာမှ မဖြည့်ပါနဲ့ .သူအတိုင်ပဲထားပါ။
တုတ်ချောင်းလေး သုံးချောင်း Menu လေကို နိုတ်ပြီး save လုပ်လိုက်ပါ။
Data enabled ကို on ပေးလိုက် ပါ။ အဆင်ပြေပါတယ်။

Android ဖုန်းတွေမှာ 3G နှင့်အင်တာနက် သုံးဖို့ Connection ကို high speed တင်မယ်ဆိုရင်

အရင်ဆုံး *#*#4636#*#* ရိုက်ပါ ... Phone Information ထဲ ကို ၀င်ပါ
Set preferred network type မှာ WCDMA only ကိုရွေးပါ (WCDMA အသုံးပြုသူများ )
(GSM အသုံးပြုသူများအတွက် GSM only ကိုရွေးပါ)
Menu ကို နှိပ်ပြီးရင် Select Radio Band ကို ၀င်ပါ။ Automatic ရွေးပါ။
အဲလိုဆိုရင်တော့ ကျွန်တော်တို့ရဲ့ ဖုန်းနဲ့ အသုံးပြုရတဲ့ အင်တာနက်ကို မြန်နှုန်းမြှင့် အသုံးပြုနိင်ပါပြီ။
တချို့ဖုန်းတွေမှာ Error ရှိနိင်ပါတယ်။ Radio Band ကို ရွေးလို့မရနိင်ပါဘူး

Nokia N 97 အင်တာနက် Setting ထည့်သွင်းနည်း

Press the Menu key  > Touch Settings > Connectivity > Options > Open Destinations >
Options >  Open  >  WAP services  > Options  > Open > Options > New access point
Automatically check for available access points ?  ကို No ပေးပြီး
Packet data ကိုရွေးပါ။
Packet data access point name will ကို mptnet လို့ ရိုက်ပြီး OK လုပ်ပါ။
 Options > Edit > Access point name > Options > Change
 Enter: mptnet  ရိုက်ပါ။
User name နှင့် Password  အဆင်ပြေသလို ပေးခဲ့နိင်ပါတယ်။
Authentication ကတော့ Normal ပါပဲ Homepage ကပေးချင်လဲ ပေးခဲ့နိင်တယ်။ ပြီးရင်တော့
Use access point ကိုကလစ်နှိပ်ပါ။အဲသလိုနှပ်လိုက်ရင် အခုလိုစာကြောင်းလေး ကျလာပါလိမ့်မယ်။ အဲ့အခါ OK နှိပ်ပါ။ After confirmation or Automatically
Back နဲ့ ပြန်ထွက်လိုက်ရင် စောစောက လုပ်ခဲ့တဲ့ mptnet လေးကို တွေ့ရမှာပါ။ Options ကိုနှိပ်ပြီး Organize ကိုရွေးချယ်ပါ။အဲ့ထဲက Change priority ကိုဝင်ပါ။
Priority ကို  1 ထားပြီး OK နှိပ်လိုက်ပါ။အားလုံးပြန်ထွက်လိုက်ပြီး Menu ထဲက  Web ကိုသွားပါ။ Web ရဲ့  Options ထဲက Settings ပြီးတော့ General ထဲက
Access point မှာ  WAP services ကိုရွေးပါ။ အဲသလို အင်တာနက် အသုံးပြုနိင် ပါပြီ။

Landover S8 internet Setting

Setting ထဲက Link
Link ထဲက Network Account ကိုဝင်
Option နှိပ်ပြီး New Link Account ကိုရွေးပါ။
အဲ့မှာ Username, Password နဲ့ Apn ကိုရိုက်ပါ။ ပြီးရင် Save လုပ်ပါ။
Internet ထဲကိုဝင်ပါ။ Browser Option ထဲက Profile Or Account ထဲမှာ စောစောက
Link Account ကိုရွေးပေးပါ။ အဲလိုဆိုရင် အသုံးပြုလို့ရပါပြီ။

Huawei C8812 အတွက် CDMA 800 MHZ Internet Setting

Huawei C8812 Internet ပာာ ... အခြား CDMA Internet နဲ့ Internet Setting ဆောက်တဲ့ APN တို့ တူညီတူမျိုးမရှိပါဘူး ...။
တခြား CDMA Internet တွေရဲ့ APN (Access Point Name)ပာာ #777 ဖြစ်ပီးတော့ Huawei C8812 ရဲ့ APN ပာာ #777 မပာုတ်ပဲသီးသန့်ဖြစ်နေတာကိုတွေ့ရပါတယ်...။
ပထမဆုံးအနေဖြင့် Setting ထဲက Wireless & Network ထဲက More ထဲကိုသွားရပါမယ်...ပီးသွားရင်တော့ Mobile Network ထဲကိုဝင်လိုက်ပါ အဲ့မှာ Access Point Name ဆိုတာလေးတွေ့ရပါမယ် အဲ့ထဲကိုထပ်ဝင်လိုက်ပါ...။
Access Point Name ထဲကို ၀င်ပီးသွားရင်တော့ Menu Key ကို နှိပ်ပီး New APN ဆိုတာလေးကိုခေါ်ပေးရမယ်.....။
NEW APN ကိုခေါ်ပီးသွားရင် အောက်မှာပြထားတဲ့အတိုင်းဆက်လုပ်ပေးရပါမယ်....။
Name - mpt
APN  - #777
Username - yourname@c800.mm
Password - 12345
Authentication Type - CHAP
APN Type - *
APN Protocol - IPV4/IPV6

Data Bearer - packet data
Prompt Password - #777
Menu နှိပ်ပြီး Save လုပ်လိုက်ပါ။
Save လုပ်ပီးသွားရင် မိမိဆောက်ထားတဲ့ Setting File လေးကို အမှန်လေးခြစ်ပေးရပါမယ်...။
ပြီးရင်တော့ Mobile Network ထဲက Data Enabled ကို အမှန်ခြစ်လုပ်ပေးလိုက်ပါ ... ။
အဲ့ဒါဆိုရင်တော့ Huawei C8812 နဲ့ Internet အသုံးပြုလို့ရသွားမည်ဖြစ်ပါသည်....။

Android Phone တွေကနေ Wireless ပြန်လွှင့်ပြီး သုံးမယ်ဆိုရင်

အရင်ဆုံး Setting ထဲ Wireless & Network ထဲကို သွားပါ။
အဲ့ထဲကမှ Tethering & Portable Hotspot ကိုဝင်လိုက်ပါ။
တကယ်လို့ ကိုယ်က Wireless လွှင့်ပြီး အသုံးပြုချင်တယ်ဆိုရင် Portable Wi-Fi Hotspot ကိုအမှန်ခြစ်ပေးပြီး
အောက်က Configure Wi-Fi Hotspot ထဲကို ၀င်ပါ။
Network SSID နဲ့ Security Type WPA2 PSK ကိုထားပေးရမယ်။
ပြီးရင် Password မှာ ကိုယ် အဆင်ပြေမယ့် Password ကိုပေးပြီး ကိုယ့် Laptop ကနေ Wireless ပြန်ဖမ်းပြီး သုံးလို့ရပါပြီ။

ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး အသုံးပြုမယ်ဆိုရင်တော့(USB)


Phone ရဲ့ Driver တွေကို ကွန်ပျူတာထဲထည့်ထားရမှာဖြစ်ပါတယ်။
ဖုန်းကို USB Debugging Mode ကိုဖွင့်ပေးထားရပါမယ်။
ပြီးရင်တော့ Tethering & Portable Hotspot ထဲက USB Tethering ကို အမှန်ခြစ်လေးပေးလိုက်ပါ။
အဲလိုဆို စသုံးလို့ရပါပြီ။
အပေါ်က ပုံစံ နှစ်ခု စလုံးကို အသုံးပြုပြီး ကွန်ပျူတာနဲ့ ချိတ်ဆက်အသုံးပြုမယ်ဆိုရင်တော့ Phone ထဲမှာ Data Service တွေ ဖွင့်ထားဖို့ မမေ့ပါနဲ့ နော်။ :P

မှတ်ချက်။        ။ အပေါ်မှာ ပြောခဲ့ အဆင့်တွေဟာ ဖုန်းရဲ့ Version အလိုက် စာလုံးအထားအသို မှားနေနိင်ပါတယ်။ တချို့ ဖုန်းတွေမှာ အဲ့ Function မပါတာလဲ တွေ့ရပါတယ်။

Sony Ericsson U1 Internet Setting To create a new access point

1 Select Menu > Settings > Connectivity > Destinations > Access point.
2 Follow the instructions that appear to check for the available access points
automatically or define them manually.
To define a packet data access point
1 Select Menu > Settings > Connectivity > Destinations > Access point.
2 When you are prompted to check for available access points automatically, select No.
3 Select Packet data as the access point.
4 Enter a name (mptnet) and select OK.
5 Select a network destination.

Internet Setting For Sony Ericsson w20 other Sony Ericsson Slide Phone

To enter PS (Packet Switched) data account settings in the phone
1 Select Menu > Settings > Connectivity > Internet settings > Connect using:.
2 Scroll to a data account item and select Options > Create new.
3 Select PS data.
4 Select Name > Edit.
5 Enter a name for your data account and select OK.
6 Select APN > Edit.
7 Enter the APN (Access Point Name) you received from your service provider and
  select OK.
8 Select Save to save the account.
9 Select the data account you created and select Save. You are now ready to use the
Internet.

Nokia X3 တွင် အင်တာနက် setting ဆောက်နည်း

Menu ထဲက connectivity ထဲကိုဝင်ပြီး Packet Data Conn ထဲမှာ ကိုယ်က အမြဲတမ်း အင်တာနက်ဖွင့်ထားချင်တယ်ဆိုရင်တော့ Always Online လို့ထားပြီး
အသုံးပြုချင်တဲ့ အချိန်မှ ဖွင့်စေချင်တယ်ဆိုရင်တော့ When needed ကိုရွေးချယ်ပေးရမှာပါ။
ပြီးရင်တော့ Back နဲ့ ပြန်ထွက်ပြီး Packet Data Setting ထဲကို ၀င်ပါ
အဲ့ထဲက Edit active Access pt ထဲဝင်ပြီး Packet Data acc.pt နဲ့ alias for access point မှာ mptnet ပြောင်းပြီး ရိုက်ထားပေးပါ။
အဲဒီ့အဆင့်တွေလုပ်ဆောင်ပြီးရင် Menu ထဲက Setting ကိုသွားပါ။
Configuration ထဲကPersonal config.stt(Personal Configuration Settingသို့ဝင်ပြီး
Opting နှိပ်ပါ Add New ကိုရွေးပါ  Access Point ထပ်ရွေးပါ။
Account Name နေရာမှာ My access point  ကို ဖျက်ပြီး MPT ကိုရိုက်ပါ။
Access Point Setting ထဲကိုဝင်ပါ Bearer Settings ရဲ့ Packet data acc.pt မှာ Internet ဆိုတာကို ဖျက်ပြီး mptnet ကိုရိုက်လိုက်ပါ။
ပြီးရင် Back နဲ့ပြန်ထွက်ပါ။ အဲလိုဆို အသုံးပြုလို့ရပါပြီ။

GSM ဖုန်းများ နှင့် မိမိကွန်ပြူတာအား ချိတ်ဆက်ခြင်း

၁။ပထမဦးစွာ Start ထဲမှ Run ကို သွားပါ။
၂။Run တွင် ncpa.cpl ဟုရိုက်ထည့်ပါ။
၃။ထိုအခါ Network Connections Box ပေါ်လာလိမ့်မည်။ ဘေးမှ Network Tasks ထဲမှ Create a new connection
   ကို နှိပ်ပါ။
၎။New Connection Wizard ပေါ်လာပါလိမ့်မည်။ Next ကို ရွှေးပါ။ ထို့နောက် Connect to the Internet ကို ရွှေးပြီး
   Next ကို နှိပ်ပါ။
၅။အလယ်မှ Set up my connection manually ကို ရွှေးချယ်ပါ။ ဖုန်းနဲ့ ချိတ်ဆက်မည်ဖြစ်ပါသဖြင့် Connect Using a
   dial-up modem ကိုရွှေးချယ်ပါ။ ISP Name နေရာ တွင် မိမိကြိုက်နှစ်သက်ရာ နာမည်ပေးပါ။ Phone Number
   နေရာတွင် *99# ကို ရိုက်ထည့်ပါ။
၆။ထို့နောက် Username နေရာတွင် mptnet ဟုရိုက်ထည့်ပါ။
၇။Password နေရာတွင် မိမိ နှစ်သက်ရာကို ထည့်သွင်းရေးသားပါ။အောက်မှ Confirm Password နေရာတွင် အပေါ်မှ
   Password ကို ပြန်လည်ရေးသားပါ။
၈။ထို့နောက် Completing Wizard သို့ ရောက်လာသောအခါ Desktop ပေါ်တွင် Shortcuts တင်မလားဟု
   မေးလာသော စာသားကို အမှန်ခြစ်ပေးပါ။ ထို့နောက် Finish လုပ်ပါ။

GSM ဖုန်းများ အင်တာနက်သုံးရန် Setting ချိန်နည်း (Android)

ပထမဦးစွာ Setting ထဲကိုဝင်ပါ
၂ – Wireless & networks ထဲဝင်ပါ
၃ – Mobile networks ထဲကိုဝင်ပါ
၎ – Access Point Names ကိုဝင်ပါ
၅ – Menu Key (မျဉ်းကြေင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ
၆ – ဒီအတိုင်းလိုက်ဖြည့်ပါ
Name – မိမိနှစ်သက်ရာ (ကြိုက်တဲ့နာမည်ပေးလို့ပြောတာ)
APN – mptnet

Proxy – ဘာမှမထည့်ပါ
Port – ဘာမှမထည့်ပါ
Username – mptnet
Password – 0000
Server – ဘာမှမထည့်ပါ
MMSC – ဘာမှမထည့်ပါ
MMS Proxy – ဘာမှမထည့်ပါ
MMS Port -ဘာမှမထည့်ပါ
MCC – 414 လို့ပေါ်နေရပါမယ်
MNC – 01 လို့ပေါ်နေရပါမယ်
Authentication Type – PAP or CHAP
APN type – * (* ဒါလေးပဲရေးလိုက်ပါ)
APN Protocol = IPv4 ကိုရွေးပါ
ဒါတွေအားလုံးပြီးသွားရင် menu key ကိုနှိပ်ပြီး Save (or) done ကိုနှိပ်ပါ
နောက်တစ်ဆင့်က
၁ – setting ကိုဝင်
၂ – Wireless & Networks ထဲကိုဝင်
၃ – Mobile Network ထဲကိုဝင်ပါ
၎ – Data Enable ကို အမှန်ခြစ်လိုက်ပါ
ဒါဆိုရင် သင့်ဖုန်းရဲ့ Notification Bar မှာ အီးဆိုတာလေး ပေါ်လာလိမ့်မယ်…..ဒါမှမပာုတ်ရင်
အပေါ်အောက်ပြနေတဲ့မျှားလေးတွေ့ ရလိမ့်မယ် ။

iPhone တွင် 3G Internet Setting ထည့်နည်းလေးပါ။

၁. အရင်ဆုံး Setting>General>Network ကို အရင်သွားရပါမယ်။
၂. Network အောက်ကိုရောက်သွားရင်တော့ Cellular Data Network ထဲကိုထက်ဝင်ရပါမယ်။
၃. Cellular Data Network အောက်ကိုရောက်ပီဆိုရင်တော့ သိထားတဲ့အတိုင်း
Cellular Data အောက်မှာ
APN = mptnet
Username = mptnet
Password = 0000
အဲ့ကောင်လေးတွေထည့်ပေးရပါမယ်။ Username, Password က မထည့်လည်းရတတ်ပါတယ်၊ သေချာအောင်ထည့်ထားလိုက်ပါ။ ပြီးတော့ MMS အတွက်လည်း အဲ့လိုပဲထည့်ပေးလိုက်ပါ။
၎. ပြီးသွားရင်တော့ Network ထဲကို ပြန်ထွက်လိုက်ပါ။ ထွက်ပီးရင် Cellular Data နဲ့ Data Roaming ကို On လိုက်ပါ။ ဒါဆို အပေါ်က MM 900 ဘေးမှာ E or 3G ပေါ်လာပါလိမ့်မယ်။

CDMA 800 ဖုန်းတွေနဲ့ အင်တာနက်အသုံးပြုနည်း

CDMA 800 MHz ဖုန်းတွေမှာ အင်တာနက် အသုံးပြုနိုင်လာတဲ့အတွက် Online ကို တိုက်ရိုက် အသုံးချသူများ၊  ဆက်စပ်မှု ရှိသူများအနေနဲ့ အချိန်ပေးပြီး အင်တာနက်ဆိုင်သွားစရာမလိုတော့ပဲ အိမ်မှာရှိတဲ့ Laptop/Desktop နဲ့ အခြား

အင်တာနက်အသုံးပြုနိုင်တဲ့ MID လို့ခေါ်တဲ့ Mobile Device လေးတွေနဲ့ မိမိ ရုံးနဲ့အိမ် မှာရှိတဲ့ Computer မှာ အင်တာနက်ကို ချိန်ဆက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အကျိုးကျေးဇူးတွေအနေနဲ့ကတော့ အချိန် အပိုမကုန်ပဲ ထိုင်ရာမထ အိမ်ကနေ အင်တာနက် သုံးနိုင်မှာ ဖြစ်သလို လမ်းပေါ်မှာ ရောက်ရှိနေချိန်တွေမှာလည်း မိမိ ဖုန်းကတစ်ဆင့် Email စစ်ခြင်း အခြားသော သတင်းအချက်အလက်များ ကြည့်ရှုခြင်းကို သီးသန့် အချိန်ပေးစရာမလိုပဲ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

CDMA 800 MHz တွေအတွက် လွယ်ကူအဆင်ပြေစွာ သုံးနိုင်တဲ့ Handset မျိုးစုံရှိပါတယ်။
အင်တာနက် အသုံးပြုတော့မယ်ဆိုရင်တော့ Handset ကို ရွေးချယ်ဝယ်ယူမှသာ အဆင်ပြေပါလိမ့်မယ်။ အင်တာနက် အသုံးပြုလို့တဲ့ Handset နဲ့ အင်တာနက် သုံးလို့မရတဲ့ Handset တွေကိုမေးမြန်းစုံစမ်းပြီး သေချာမှုရှိမှသာဝယ်ယူသင့်ပါတယ်။ အင်တာနက် အသုံးပြုလို့ရတယ်ဆိုခဲ့ရင်တောင်မှ အင်တာနက် အသုံးပြုနေစဉ်အတွင်း ဖုန်းခေါ်ဆိုဆက်သွယ်မှုနှင့် လက်ခံနိုင်စွမ်းရှိတဲ့ Handset မဟုတ်ခဲ့ရင် ဖုန်းပြောလိုက်ရင် အင်တာနက်လိုင်း ပျက်တောက်သွားနိုင်တာမျိုးလဲ ဖြစ်ပေါ်နိုင်ပါတယ်။ နောက်ဆုံး မိမိ အိမ်သုံး Computer တွေနဲ့ ချိတ်ဆက်ပြီး အသုံးပြုဖို့ ရည်ရွယ်ထားတယ်ဆိုရင်တော့ Handset က Modem အနေနဲ့ပါ အလုပ်လုပ်နိုင်ဖို့လိုပါတယ်။ အကယ်၍ ကိုယ့်မှာ Handset ကတော့ ဝယ်ယူပြီးသားဖြစ်နေပြီး ကွန်ပျူတာနဲ့ ချိတ်ဆက် ပြီး Modem အနေနဲ့ သုံးလို့မရတဲ့ အမျိုးအစား ဖြစ်နေတယ်ဆိုရင် CDMA 800 MHz အတွက် USB နဲ့ အသုံးပြုနိုင်တဲ့ Modem တွေကို ဝယ်ယူ အသုံးပြုနိုင်ပါတယ်။ USB Modem နဲ့ အသုံးပြုနေစဉ်မှာတော့ Modem ပေါ်မူတည်ပြီး ဖုန်းအဝင် သိရှိခြင်း လက်ခံခြင်းတို့ ပြုလုပ်နိုင်မှာဖြစ်ပေမယ့် မရတဲ့ Modem ကများပါတယ်။

အတိုချုံးပြောရရင်တော့  CDMA 800 MHz  Handset ဝယ်ယူမယ်ဆိုရင်
အင်တာနက် သုံးလို့ရမရ အင်တာနက် အသုံးပြုစဉ် ဖုန်းဆက်သွယ်မှု ပြုလုပ်၍ ရမရ
ဖုန်းကို Modem အဖြစ် ကွန်ပျုတာနှင့် ချိတ်ဆက် အသုံးပြု၍ရမရ
မေးမြန်းစုံစမ်းပြီး ဝယ်ယူသင့်ပါတယ်။

အခုလက်ရှိ ဈေးကွက်မှာ လွယ်ကူစွာ ဝယ်ယူရရှိနိုင်တဲ့ Huawei c5900 နဲ့ Android OS သုံးထားတဲ့ Huawei c8600 တွေနဲ့ ချိတ်ဆက်နည်း အသုံးပြုနည်းများကို ရေးသားပေးပါ့မယ်။ ကျန်တဲ့ android ဖုန်းတွေအတွက် c8600 ကိုနမူနာထားပြီး ထည့်သွင်းနိုင်သလို အခြားဖုန်းများအတွက် c5900 ကိုနမူနာထားပြီး ထည့်သွင်းနိုင်ပါတယ်။

Huawei c5900 မှာ အင်တာနက်ချိတ်ဆက်ခြင်း

ဖုန်းရဲ့ Menu ကိုနှိပ်ပါ။Surfing ကိုနှိပ်ပါ။

 icon တွေရဲ့ အလယ်လောက်မှာ ရှိပါတယ်။

WAP ကို နှိပ်ပါ။

Option ကိုထပ်ပြီး ဝင်ပေးပါ။ Option အောက်က Setting ကိုရွေးချယ်ပေးပါ။

User Name မှာ yourname@c800.mm ထည့်ပေးပါ။ your name နေရာမှာ ကိုယ့်စိတ်ကြိုက် User Name ထည့်ပါ။ နောက်ကတော့ @c800.mm ဖြစ်ရပါမယ်။

Password မှာတော့ စိတ်ကြိုက် password ထည့်ပေးပါ။

PPP Number မှာ #777 ထည့်ပေးပါ။

Use HTTP/1.1 ကို ရွေးချယ်ပေးပါ။
ပြီးရင်တော့ အင်တာနက် အသုံးပြုလို့ရပါပြီ။

Huawei c8600 Android

ဖုန်းမှာ ထည့်သွင်းနည်းကို ကြည့်ပြီး အခြား Android နဲ့ ထည့်သွင်းနိုင်ပါတယ်။

Home ကနေ Menu ကိုနှိပ်ပါ။ Setting ကိုဝင်ပါ။

Wireless ကိုရွေးချယ်ပါ။

အောက်ဆုံးမှာ ရှိတဲ့ Mobile Networks ကိုရွေးချယ်ပါ။

Access Point Name ရှိပါတယ် ရွေးပေးပါ။

New APN ကိုရွေးချယ်ပါ။

Name ကိုမိမိနှစ်သက်ရာ နာမည်ပေးပါ။ ကျွန်တော်ကတော့ မှတ်မိလွယ်ရန်အတွက် cdma800 လို့ပေးထားပါတယ်။

APN မှာ #777 ကိုထည့်ပေးပါ။

User Name မှာ စိတ်ကြိုက်အမည်နောက်က @c800.mm လို့ရွေးပေးပါ။ ဥပမာ kokoye2007@c800mm.com

Password မှာ စိတ်ကြိုက် Password ပေးပါ။

ပြီးရင် မှန်မမှန် ပြန်လည်စီစစ်ပေးပါ။

Save ပြီးရင်တော့  APN ထဲမှာ cdma800 ဆိုပြီး ပေါ်နေပါပြီ။
အဲတာလေးကို ရွေးပေးပြီးရင် အင်တာနက်သုံးလို့ရပါပြီ။

ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး အသုံးပြုရအောင်

CDMA 800 MHz  Mobile ဖုန်းကို  Modem အနေနဲ့သုံးပြီး အင်တာနက်အသုံးပြုမယ်ဆိုရင် XP နဲ့ အထက် Windows 7 အထိ Support လုပ်ပါတယ်။ ပထမဆုံး Driver ထည့်သွင်းရမှာဖြစ်ပါတယ်။ စက်ဝယ်စဉ်မှာ တပါတည်း ပါလာတဲ့ Driver and PcSuite  ရှိပါတယ်။ နောက်ပြီး Dial ဆိုတဲ့ Software လေးကို ထည့်သွင်းပေးမယ်ဆိုရင်တော့ ပိုပြီး မြန်ဆန် လွယ်ကူမှာ ဖြစ်ပါတယ်။ Sim Card ထည့်သုံးရတဲ့ USB Modem တွေကို သုံးမယ်ဆိုရင်လည်း ဒီအဆင့်တွေအတိုင်း အသုံးပြုနိုင်ပါတယ်။

Driver နဲ့ Software တွေပါတဲ့အခွေကို  CD-Rom ထဲကိုထည့်ပါ။

Driver နှင့် PC suite ကို ရွေးချယ်ပြီး Install ပြုလုပ်ပေးပါ။

ရွေးချယ်ရာတွင် OS Version (windows XP / Windows 7) နှင့် bit (32bit / 64bit) ကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။ ကွန်ပျူတာ တော်တော်များများက 32bit တွေပဲဖြစ်ပါတယ်။

Handset > Menu > Setting > Connectivity Setting > Phone Mode
(Handset ကို modem အနေနဲ့ သုံးမှာဆိုရင် Handset ကို Modem Mode ထားပေးပါ။ Modem Mode မပါဝင်ပါက USB Storage Mode ကို Disable လုပ်ထားပေးပါ။)

Dial Up Software ထည့်သွင်းထားပါက Dialup Icon မှဝင်ပြီး ပြင်ဆင်ပေးရပါမည်။

အကယ်၍ Dialup Software ထည့်သွင်းထားခြင်းမရှိပါက
Network ထဲမှတစ်ဆင့် Setup a new connection or network  ကိုရွေးပါ။ Next ကိုနှိပ်ပါ။

Dial-up phone number တွင် #777 ကိုထည့်သွင်းပေးပါ။

User Name တွင် yourname@c800.mm ကိုထည့်သွင်းပေးပါ။

Password တွင် စိတ်ကြိုက် Password ထည့်ပေးပါ။

Remember this password ကိုရွေးချယ်ပေးထားပါ။

Connection Name တွင် CDMA 800 ထည့်ပေးထားခြင်းဖြင့် အခြား Dial-up setting များနှင့် ခွဲခြားသိမြင်နိုင်ပါမည်။

Allow other people to use this connection ကိုရွေးချယ်ပေးပါက မည်သည့် User Account ဖြင့် Login ဝင်သည်ဖြစ်စေ ဤ Dial-up Setting ကိုအသုံးပြုနိုင်မည်ဖြစ်ပါသည်။

ထို့နောက် အသုံးပြုမည့် Browser တွင် No Proxy ပြောင်းထားပေးပါ။

Internet Explorer
Tools > Internet Option > Connection > တွင်
Dial-up and Virtual Private Network settings တွင်
CDMA 800 ကို အမှန်ချစ်ပြီး Dial whenever a network connection is not present ကိုရွေးပါ။ ဒါမှ အခြား Network Cable နဲ့ Wi-Fi တွေကို မမိတော့တဲ့ အချိန်တွေမှာ Dial-up ကိုအသုံးပြုဖို့ ရွေးချယ်ပါလိမ့်မယ်။
Local Area Network (LAN) settings တွင်
LAN setting ကိုနှိပ်ပြီး Automatically detect settings တစ်ခုသာ အမှန်ချစ်ပြီး ကျန်သည့် အမှန်ချစ်များအား ဖြုတ်ပစ်ပါ။
Ok > Ok နှိပ်ပြီး ပိတ်လိုက်ပါ။

Mozilla Firefox
Tools > Options > Advanced > Network > Setting > No Proxy ကိုရွေးပေးပါ။

ဤ Setting များပြီးဆုံးပါက CDMA 800 EVDO ကိုအသုံးပြု၍ Computer တွင် အင်တာနက် အသုံးပြုနိုင်ပါပြီ။

အပေါ်မှာပါတဲ့အတိုင်း အင်တာနက်တွေတော့ သုံးနိုင်ပါပြီ။ သို့သော် ကိုယ်သုံးတာက ၁ နာရီ  Bill ဆောင်ရတာက ၄~၅ နာရီစာ ဖြစ်နေပါတယ်။ အဲတာ  ဘာကြောင့်လဲ။ အင်တာနက် အသုံးပြုပြီး ဒီတိုင်း Browser ပိတ်ရုံ Close လိုက်ရုံနဲ့  Bill ကပိတ်မပိတ်သွားပဲ ဆက်ပြီးတက်နေပါတယ်။ အဲတာကို သုံးပြီးရင် Bill မတက်အောင် Mobile တွေမှာဆိုရင် အပေါ်ကနည်းတွေအတိုင်း APN တစ်ခုထပ်ပြီး ပြုလုပ်ပေးပါ။
နာမည်ကို Disable လို့ပေးပါ
APN မှာ #  တစ်ခုတည်း ထည့်ပေးပါ။
Proxy တွေ မထည့်ပေးပါနဲ့။
ပြီးရင်သိမ်းထားပေးပါ။

အင်တာနက် မသုံးတဲ့အချိန်တိုင်း Disable APN ကိုရွေးထားပေးပါ။ ဒါဆိုရင် အသုံးမပြုတဲ့အချိန်အတွက် Bill မဆောင်ရတော့ပါဘူး။

http://u4mm.com မှာ မကြာခင် HUAWEI c5900 / c8600 Driver တွေနဲ့ Dial-up ဆော့ဝဲကို တင်ထားပေးပါ့မယ်။

မကြာင်ခင် Android OS Upgrade ပြုလုပ်ခြင်း/ Software သွင်းခြင်း/ မြန်မာဖောင့်နှင့် ကီးဘုတ်သွင်းခြင်း တို့ကို မိမိကိုယ်တိုင် ပြုလုပ်နည်း ထပ်မံရေးသားပေးပို့ပါ့မယ်။

Sony Ericson နဲ့ အင်တာနက်ချိတ်ဆက်ခြင်း

 ပထမဦးဆုံး…….

Setting…..

Wireless & Network…

Mobile Network….

Access point Name….

Menu ….

New APN…

Name  (mpt)

APN   (mptnet)

Menu..

Save…

Back….

 Data Services နဲ့ While Roaming တို့ကို On ထားပါ။

ဒါဆိုရင်…

အင်တာနက်သုံးလို့ ရပါပြီး….

Samsung  Galaxy SIII

Menu……..Setting……Wireless & Network……….More Setting………..

Mobile Network……Access Point Name (APNs)…….Menu… New APN….

Name …..ကြိုက်တာထည့်

APN………mptnet

APN Type….internet

Menu……Save

Back နဲ့ပြန်ထွက်၍ နာမည်ဘေးတွင်  ကလစ်  တစ်ချက်နှိပ်ပါ။

Back နဲ့ ပြန်ထွက်၍ Use Packet Data နှင့်  Data Roaming တို့ ဘေးတွင်

Box ထဲတွင်  Tick (အမှန်ခြစ်) လုပ်ပါ။

ဖုန်းကို  Restart ချပါ။…ဒါဆိုရင်အင်တာနက်သုံးလို့ အဆင်ပြေပါပြီး။။။။။။။။

CDMA800 Android Handset များကို GSM စနစ်သို့ ပြောင်းလဲအသုံးနိုင်ခြင်း

CDMA 800  Android Handset များဖြစ်သော Huawei C8600,8650,8800,8810 Handset များတွင် GSM စနစ်အသုံးပြုခြင်းပါက *#*#4636#*#* အားနှိပ်၍ ကျလာသော Box ထဲတွင် CDMA Only,GSM Only and CDMA or GSM ဆိုတဲ့ နေရာလေးမှာ ပြောင်းလဲ၍အသုံးပြုနိုင်ပါကြောင်း။
Huawei c8500 Android ဖုန်းတွင် အသုံးပြု၍မရပါ။
ကျန်သော CDMA800 Android ဖုန်းများတွင်လဲအသုံးပြုနိုင်ပါသည်။

Samsung ၊ Iphone ၊ Sony ၊ HTC ဖုန်း ကို အစစ် လား အတုလား စစ်ဆေး နည်း



 ခု နောက် ပိုင်း Samsung ၊ Iphone ၊ Sony ၊ HTC တဲ့ နာမည် ကြီး Brand တွေ ကို ပုံစံ တူ ခိုးပြီး ရောင်း တာ တွေ များလာ ပါတယ် ။
အဲ့ အတွက် ပုံမှန် ဆိုင် တွေ က တော့ အတု(clone ) ဟု ပြော ရောင်း သလို ရော ချ တဲ့ ဆိုင် တွေ လဲ ရှိ ပါတယ် ။အဲ့ အတွက် စစ်ဆေး နည်း ကို ဗဟု သု တအနေ နဲ့ ပြော ပြ ချင်ပါတယ် ။
ဖတ်ပြီး ရင် တခြား သူငယ်ချင်း တွေ လဲ သိရအောင် Share ပေး ကြပါ ။

 အရင် တုန်း က ပုံစံ တူ တွေ ထုတ် ပေ မယ့် Java ဖြစ် တဲ့ အတွက် ခွဲ ခြား ရလွယ် သလို ပုံစုံ မှာ လဲ ကွာခြား မူ ရှိ ပါတယ် ။ ခု နောက် ပိုင်း တွင် Clone Android တွေ ထွက် လာတော့ Brand က လဲ Android ဆို တော့ အတွင်း ပိုင်း ကို ခွဲ ခြား မရ အောင်တူ လာပါတယ် ။အပြင် ပိုင်း အရလဲ တော်တော် လေး တူလာပါတယ် ။ ပုံ မှန် ဖုန်း Service သမား အနေ နဲ့ သိ နိုင်သော် လဲ အပြင် လူ အနေ နဲ့ သို့ လော သို့ လော ဖြစ် စေ ပါတယ်။
အဓိက ကတော့ နိုင်ငံ ခြား မှာ ရောက်နေ တဲ့ မြန်မာ တွေ အတွက်ပါ ။အဲ့ မှာ ဆိုင် တွေ က ဘယ် နှစ် နှစ် အာမခံ ၊ ဗီယက် နမ် ထုတ် အစစ် စ သဖြင့် လိမ် ရောင်း တာ ကို လက်တွေ့ ခံ ရတဲ့ သူတွေ ကို လဲ တွေ့ ဖူးပါတယ် ။

ခုစစ်ဆေး နည်း ၃ နည်းပြော ပြ ပါမယ် ..

၁။ အမြင် အား ဖြင့် ဆုံး ဖြတ်ခြင်း

   ကျန်တာ တွေ ဘယ်လောက်တူတူ ရုပ်ထွက် က တော့ အရောင် က ပုံမှန် ထက် လျော့ ပါတယ် ။

၂။ ကုဒ် နံပတ် များ သုံး စစ်ဆေး ခြင်း

Samsung only
*#1234#
*#0*#
*#1111#

၃။ IMEI ဖြင့် စစ် ဆေးခြင်း ( All Brand )

 *#06# ကို နိုပ်ပြီး ဖြစ် စေ ၊ နောက်ဖက် ကျော ဘက် ဓာတ်ခဲ ဖယ်လိုက် ရင် လဲ ကပ် ထား တဲ့ စာထဲ မှာ IMEI ရှိပါတယ် ။

 15 လုံးရှိပါတယ် ။အဲ့ နံပတ် ကို မှတ် ပြီး

Android ဖုန်း မှာ စစ်ဆေး နိုင်ရန် IMEI check by MH Application ကို အသုံးပြု ပြီး ဖြစ်စေ

အောက်က လင့် တွင် ကွန်ပြူတာနှင့်  ဖြစ် စေ စစ်ဆေး နိုင်ပါတယ် ။

Enter IMEI number below အောက် က အကွက် ထဲ တွင် မိမိ ဖုန်း ရဲ့ IMEI နံပတ် ကို ရိုက် ထည့် ပြီး analyse ကို နိုပ် လိုက်ပါ ။

IMEI check by MH  For Android

https://www.firedrive.com/file/272C71C292493F48
 
Link For PC

http://www.numberingplans.com/?page=analysis&sub=imeinr