Blogger news

Thursday, May 29, 2014

Android Pattem Lock မေ့နေသူတွေအတွက် အလွယ်တကူ ပြန်လည်ရယူနည်း



လူကြိုက်များရေပန်းစားနေတဲ့မိုဘိုင်း Operating System တစ်ခုဖြစ်တဲ့ Andriod အတွက်အသုံးပြုထားတဲ့ Security ပိုင်းမှာ အကောင်းဆုံး
ဖြစ်စေတာကတော့ Pattern Lock ပါပဲ။ လုံခြုံစိတ်ချရတဲ့အပိုင်းမှာကတော့ လက်ဖျားခါရ လောက်အောင် ကောင်းမွန်သလို အလွယ်တကူ အသုံးပြု နိုင်တာကလည်း အားသာချက်တစ်ခုပါ။ ဒါပေမယ့်လည်း အရာတစ်ခုကို အလွယ်တကူမေ့တတ်သူတွေကတော့ Pattern Lock ကို စသုံးတဲ့ အချိန်လောက်မှာ ပြဿနာတက်တာကတော့ မလွဲမသွေပါပဲ။ ဒါ့ကြောင့် အလွယ်တကူပြန်လည်ရယူနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးမှာပါ။

ဒါ့ကြောင့်ပထမဆုံးအနေနဲ့ကတော့ မိမိ Andriod device ကိုသုံးတော့မယ် ဆိုရင်တော့ Google Account ကိုတော့အရင်ဆုံး ထည့်သွင်းပေး ထားမှာပါ။ Google account ကိုအသုံးပြုတဲ့အတွက် Andriod မှာ
ထောက်ပံ့မှုများစွာ ရရှိစေမှာပါ။ ယခုဖော်ပြပေးမယ့် Tutorial လေးက အလွယ်တကူရယူနိုင်ဖို့အတွက်ရည်ရွယ်တာကြောင့် လိုရင်းတိုရှင်း
အနေနဲ့သာ ပြောပြပေးမှာပါ။

Google Account ကို sign in လုပ်ထားပြီးပြီဆိုရင်တော့ မှားနေတဲ့ Pattern ကို ငါးကြိမ်ဆက်တိုက် အသုံးပြုမယ်ဆိုရင် စက်္ကန့် ၃၀ စောင့်ဖို့
ပြောပါလိမ့်မယ်။ ဒီအခါမှာတော့အောက်နားလေးမှာရှိတဲ့ Emergency call Press and hold နဲ့ Forgot pattern? ဆိုတာ လေးကို တွေ့မယ်
ဆိုရင်တော့ မိမိဟာ မေ့နေပြီဖြစ်လို့ Forgot pattern? ကို ရွေးချယ်ပေး
လိုက်ပါ။ အဲ့ဒီနောက်မှာတော့ Email နဲ့ပြန်လည် ရယူနိုင်သလို တခြား နည်းလမ်းဖြစ်တဲ့ Pin code ထည့်သွင်းတဲ့ နည်းလမ်းနှစ်သွယ်ရှိပါတယ်။ Email နဲ့ဝင်မယ်ဆိုရင် WiFi ဒါမှမဟုတ် 3G အင်တာနက် ဖွင့်ထားမှ ရပါလိမ့်မယ်။ Pin code ဆိုရင်တော့ ထည့်သွင်းရေးသားလိုက်တာနဲ့တင် အဆင်ပြေပါပြီ။ ဒါ့ကြောင့် မိမိ Pattern ကိုပြန်လည်ရွေးချယ်ပေးနိုင်မှာ
ဖြစ်ပါတယ်။

Related Posts:

  • Battery Monitor Widget Pro v2.7.3 Android ဖုန်းတွေမှာ ကိုယ့်ဖုန်းရဲ့ Battery အား အခြေအနေကို widget အလန်းလေးနဲ့ထားချင်သ… Read More
  • မြန်မာ့တားရာ့ ဗေဒင်ဒီ Apk ကတော့ ဘာမေးခွန်းမှပေးမထားပါဘူး ၊ မိမိ ဘာသာ မေးခွန်းကို အာရုံစိုက်ရပြီး ကျလာတဲ့ Tarrot လေးက သင့်အနာဂတ်ကို ပြောပြ… Read More
  • [~~~ မြန်မာလက်ထောက် ဗေဒင် ~~~] ဒီ Apk လေးကမေးဖို့ မေးခွန်းတွေအများကြီးပေးထားပါတယ် ။ အဲဒိ အထဲကမှ ကိုယ်ကြိုက်တဲ့ မေးခွန်းကိုထောက် ၊ ပြီးတော့မှ လည်နေတဲ… Read More
  • မြန်မာ မဟာဘုတ် ဗေဒင် ဒီ ဗေဒင်လေးကတော့ မြန်မာ့ရိုးရာ တွက်ချက်နည်းဖြစ်တဲ့ မဟာဘုတ် ဗေဒင် Apk လေးပဲဖြစ်ပါတယ် ။ ရိုးရှင်းစွာ သင့်ရဲ့ မွေးနေ့ကို … Read More
  • (~~~ အချစ် ဗေဒင် ~~~ )အချစ် နဲ့ ပတ်သက်တဲ့ မြန်မာဗေဒင် Apps လေးတွေ ပြန်တင်ပေးလိုက်ပါတယ် ။Android သမားတွေ အတွက်ပါ ။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ မ… Read More

0 comments:

Post a Comment