Blogger news

Showing posts with label နည်းပညာဆိုင်ရာ. Show all posts
Showing posts with label နည်းပညာဆိုင်ရာ. Show all posts

Saturday, February 21, 2015

YouTube ကနေပြီး နိင်ငံခြားကားများကို မြန်မာစာတမ်းထိုးဖြင့် တိုက်ရိုက်ကြည့်နည်း

ဘော်ဘော်တို့ ကို YouTube  ကနေပြီး  နိင်ငံခြားကားများကို မြန်မာစာတမ်းထိုးဖြင့် တိုက်ရိုက်ကြည့်နည်းကို ပုံနဲ တကွ အောက်မှာ ရှင်ပြထားပါတယ်၊၊

အရင်ဆုံး youtube ကိုဝင်ပြီး
settings ကို နိပ်လိုက်ပါ ပြီးရင်တော့
အရင်ဆုံ ဘာသာစကားချိန်းပါမယ်

english ကို အရင်ပြောင်းလိုက်ပါ ပြီးရင်တော့



 
 english လိုပြောင်းရင်အတွက် translate captions ကိုနိပ်ပြီးတော့
burmese  ကိုနိပ်ပြီးမြန်မာ ဘာသာပြောင်းလိုက်ပါ ပြီးရင်တော့
ok  ကိုနိပ်လိုက်လိုက်ပါ ပြီးရင်တော့
setting  က options ကိုနိပ်လိုက်ပါ ပြီးရင်တော့
myanmar 3 ကို နိပ်လိုက်ပါ  zawgyi one က မြန်မာစာအမှန် မရဘူးနော်
မြင်တယ်နော်ရပြီးနော်  myanmar 3 မရှိရင်တော့  အောက်မှာဒေါင်းလိုက်နော်

                                         
http://www.solidfiles.com/d/c113af5cd0/myanmar3.ttf

Wednesday, February 18, 2015

Tubemate ဖြင့်ဘယ်ဆိုဒ်ကမဆို လွယ်ကူစွာ ဗီဒီယို ဒေါင်းနည်း


 ပြီးရင်ဘေးကဘားတန်းမှာ google ကိုရှာပြီး နိပ်ပါ



 ကိုကြည့်ချင်တယ်ကားကိုနိပ်လိုက်ပါ tubemate အတိုင်းဘဲ ဒေါင်းရန်ပေါ်လာပြီး
စတင်ဒေါင်းနေပါပြီး အဆင်ပြေကြပါစေ... http://peinnegonethar.blogspot.com/


tubemate ကို မရှိရင်ဒီအောက်မှာယူရန်..............♫
 

                
http://www.solidfiles.com/d/9057537124/tubemate-youtube-downloader-2-2-5-636-multi-android.apk

Sunday, December 21, 2014

♫GSM, WCDMA, CDMA, MEC (အင်တာနက် Setting များ)♫


မြန်မာနိုင်ငံ၏ GSM, WCDMA, CDMA, MEC ဖုန်းကိုင်ဆောင်သူတိုင်းအတွက်  အင်တာနက်ချိတ်ဆက်လိုက်ပြီဆိုတာ နဲ့  အင်တာနက် Setting ထည့်ပေးရမှာ မလွဲဧကန်ပါ။ အဲ့လိုအချိန်ကြရင် မိမိ ကိုင်တိုင် လက်ဆောင်နိုင်အောင်တင်ပေးလိုက်ပါတယ် … လိုင်း sim card တွေရဲ့ အင်တာနက် setting တွေအပြင် ဖုန်းအမျိုးအစားအလိုက် iphone, Samsung, HTC, Sony, Huawei, Blackbarry, Mobile Windows 7, Mobile Windows 8, Nokia တို့ရဲ့ Internet Setting ထည့်နည်းလေးများကိုလဲ ဖော်ပြထားပေးပါတယ် …
Mec (1500) Card Internet Setting
1.အရင်ဦးဆုံး မိမိ Mobile Phone ရဲ့ Setting ကိုသွားပါ။
2.Wireless & Networks ထဲဝင်ပါ။
3. Mobile networks ထဲကိုထပ်ဝင်ပါ။
4. Access Point Names ကိုဝင်ပါ။
5.Menu Key ( မျဉ်းကြောင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ။
6.ကျွန်တော် အောက်မှာပေးထားတဲ့ အတိုင်းဖြည့်ပေးလိုက်ပါ။
Name – Mectel (or) Card
APN  -  #777
Proxy – ဘာမှ မထည့်ပါနဲ့။
Port – ဘာမှ မထည့်ပါနဲ့။
Username – mectel@c800.mm (or) card@c800.mm
Password – 123 (or) 12345 (or) card
Server – ဘာမှ မထည့်ပါနဲ့။
MMSC – ဘာမှ မထည့်ပါနဲ့။
MMS Proxy – ဘာမှ မထည့်ပါနဲ့။
MMS Port – ဘာမှ မထည့်ပါနဲ့။
MCC – 460
MNC – 03
Authentication type – PAP or CHAP (or) CHAP
APN type – ပုံမှန်အားဖြင့် မလိုအပ်ပါဘူး။(Default ကိုသာ ထည့်ပေးပါမယ်။)
Data bearer – မလိုပါ။
Prompt password  -  #777
APN မပါသော သူများကတော့ PPP Digit မှာ #777 ထည့်ပါမယ်။Connection name တောင်းခဲ့ရင် mectel ပါနော်။
ကဲ…….ဒီလောက်ဆိုရင်တော့ ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်တွေ အားလုံး အဆင်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်ဗျ။အခက်အခဲ တစ်စုံတစ်ရာရှိခဲ့ရင်လဲ  Comment ပေးပြီး မှာထားခဲ့လို့ရပါတယ်ဗျာ။
GSM, WCDMA Network သုံး Mobile Phone တွေအတွက်
1.အရင်ဦးဆုံး မိမိ Mobile Phone ရဲ့ Setting ကိုသွားပါ။
2.Wireless & Networks ထဲဝင်ပါ။
3. Mobile networks ထဲကိုထပ်ဝင်ပါ။
4. Access Point Names ကိုဝင်ပါ။
5.Menu Key ( မျဉ်းကြောင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ။
6.ကျွန်တော် အောက်မှာပေးထားတဲ့ အတိုင်းဖြည့်ပေးလိုက်ပါ။
Name – မိမိနှစ်သက်ရာနာမည် တစ်ခုခုရိုက်ထည့်လိုက်ပါ။
APN – mptnet
Proxy – ဘာမှမထည့်ပါ
Port – ဘာမှမထည့်ပါ
username – mptnet
Password – 0000
Server – ဘာမှမထည့်ပါ
MMSC – ဘာမှမထည့်ပါ
MMS Proxy – ဘာမှမထည့်ပါ
MMS Port – ဘာမှမထည့်ပါ
MMC – 414 လို့ပေါ်နေရပါမယ်
MNC – 01 လို့ပေါ်နေရပါမယ်
Authentication Type – PAP
APN type – default, supl (ရေးလိုက်ပါ )
APN Protocol = IPv4 ကိုရွေးပါ
အပေါ်က ဖြည့်ခိုင်းထားတာတွေ အားလုံးပြီးသွားရင်တော့ Menu key ကိုနှိပ်ပြီး Save (or) Done ကိုနှိပ်လိုက်ပါ။မပြီးသေးပါဘူးဗျာ။အောက်မှာ တစ်ဆင့် ကျန်ပါသေးတယ်။
1.မိမိ Mobile Phone ရဲ့ Setting ထဲကို ပြန်ဝင်ပါ။
2.Wireless & Networks ထဲကို ထပ်ဝင်လိုက်ပါ။
3.Mobile Networks ထဲကို ၀င်လိုက်ပါဦးဗျာ။
4.Data Enable ဆိုတာလေးကို အမှန်ခြစ်လိုက်ပါ။
ဒါဆိုရင် ကျွန်တော်တို့ Mobile Phone ရဲ့ Notification Bar အပေါ်နေရာလေးမှာ အပေါ်တက်အောက်ဆင်းပုံစံမျိုး Icon မြှားလေးတစ်ခုပေါ်လာပါလိမ့်မယ်။ဒါဆိုရင်တော့ ကျွန်တော်တို့ GSM Network သုံး Mobile Phone တွေမှာ Internet စတင် အသုံးပြုလို့ရပါပြီဗျာ။(မှတ်ချက် – ဒီ Setting အတိုင်းချိန်လိုက်ရင်လိုင်းဆွဲအားကောင်းမွန်တဲ့ 3G Network ကိုလဲ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်ဗျာ။
CDMA Network သုံး Mobile Phone တွေအတွက်
1.အရင်ဦးဆုံး မိမိ Mobile Phone ရဲ့ Setting ကိုသွားပါ။
2.Wireless & Networks ထဲဝင်ပါ။
3. Mobile networks ထဲကိုထပ်ဝင်ပါ။
4. Access Point Names ကိုဝင်ပါ။
5.CTNET နဲ့ CTWAP ကိုတွေ့ပါလိမ့်မယ်။
6.CTNET ထဲကို ၀င်လိုက်ပါ။ကျွန်တော် အောက်မှာပေးထားတဲ့ အတိုင်းဖြည့်ပေးလိုက်ပါ။
Name – CTNET
APN – #777
Proxy – ဘာမှ မထည့်ပါနဲ့။
Port – ဘာမှ မထည့်ပါနဲ့
Username – Yekyawphyo@c800.mm (Yekyawphyo ဆိုတဲ့နေရာမှာ မိမိကြိုက်တာရိုက်ပါ။)
Password – မိမိ စိတ်ကြိုက် လျို့ဝှက်နံပါတ်တစ်ခုခုကို ရိုက်ထည့်လိုက်ပါ။
Server – ဘာမှ မထည့်ပါနဲ့။
Authentication type – PAP or CHAP
APN type – Default
APN protocol – IPv4
APN Roaming protocol – IPv4
Bearer – Unspecified
Data Bearer – Package Data
Prompt password – #777
ဒါဆို အားလုံး အဆင်ပြေသွားပါပြီ။အဲ……ကျွန်တော် တစ်ခု သတိပေးချင်တာကတော့ ဖုန်းတွေက အမျိုးအစားတွေ အများကြီးဆိုတော့ ကျွန်တော် ပြောတဲ့နည်းတွေနဲ့ အဆင်ပြေချင်မှပြေပါလိမ့်မယ်။ဒါပေမဲ့ စိတ်မပျက်ဘဲ ကိုယ့်မှာ ရှိတဲ့ ဥာဏ်စွမ်း ဥာဏ်စလေးတွေနဲ့ ဖြည့်တွေးပြီး ကလိကြပေါ့ဗျာ။ဘာပဲဖြစ်ဖြစ် Internet Setting စတင် ချိန်မယ် ဆိုပါကသမရိုးကျနည်းအတိုင်းပဲ စပါမယ်။ Data Enable ကို On ထားပါမယ်။ထိုနောက် Wireless and Network Settings>Mobile networks>Access Point Names ကို ၀င်ပါမယ်။Menu key ( မျဉ်းလေးကြောင်းထပ် ပုံကလေးပေါ့) ကို နှိပ်ပြီး New APN ကို ရွေးပါမယ်။ ထို့နောက် Name, APN, usernameနှင့် Prompt password ကိုသာ ထည့်၍ Save လုပ်ပါ။ Restart ချပေးပါ။
ပြန်တက်လာလျှင် Internet သုံးလို့ ရပါပြီ။အားလုံးပဲ အဆင်ပြေကြပါစေနော်။
For Android
Name: MM – MPT Web
APN: mptnet
Proxy:
Port:
Username: mptnet
Password: mptnet
Server:
MMSC:
MMS Proxy:
MMS Port:
MMS Protocol: WAP 2.0
MCC: 414
MNC: 01
Authentication Type: PAP
APN Type: default, supl
For IOS
- Select Settings.
- Select General.
- Select Network or Cellular
- Select Cellular Data Network.
- Under Cellular Data Option
APN: mptnet
Username: mptnet
Password: mptnet
For Blackberry
The method to do this may be different . If you have better instructions please contact me.
1.    From the home screen click on the Blackberry Menu button
2.    Then select “Options” – it usually has a spanner icon.
3.    Then “Device Settings”.
4.    Then select “Advanced Sysem Settings”.
5.    Select “TCP/IP” from the list.
6.    Here you will find your “APN Settings”. Make sure the tick-box next to “APN Settings Enabled” is ticked.
7.    Once you have done that, just below this you will see “APN:”. This is where you will need to type in a setting.  Set the Following APN
APN: mptnet
USERNAME:  mptnet
PASSWORD: mptnet
8.    Click the menu button and select “Save”
For Mobile Windows 7

If you have better instructions please let me know….
Click the Start (menu) button
Choose Settings from the program list
Scroll down and click Cellular
Click on the Edit APN Button
Set: APN: mptnet
USERNAME:  mptnet
PASSWORD: mptnet
For Mobile Windows 8
In the App list Click Settings
Tap Cellular
Delete any existing APN Settings..
Tap “Add Internet APN”
Tap APN and type in mptnet
Tap Username and type in mptnet
Tap Password and type in mptnet
Tap Save
Tap “Add MMS APN”
Tap APN an type in
Tap Username and type in
Tap Password and type in
Tap WAP gateway (URL) and type in
Tap WAP gateway port and type in
Tap MMSC (URL) and type in
Tap MMSC Port and type in
Tap Max MMS Size and type in
Tap IP Type and select: IPv4v6
Tap Save

Saturday, August 23, 2014

♫♫ဖုန်း ထဲမှာ ပိုက်ဆံ ရှိသည့်တိုင်အောင် အင်တာနက်လိုင်း တက်မရသည့် ပြသာနာဖြေးရှင်းနည်း♫♫


ထိုင်းနိုင်ငံအတွင်း 12call , Dtac ဖုန်းလိုင်း နဲ့ စမတ်ဖုန်းအသုံးပြုသူများအတွက်တာ ဖြစ်ပါတယ်...။

အဖြစ်များနေတဲ့ပြဿသာနာပါ မိမိဖုန်းမှာ ပိုက်ဆံ ရှိပေမဲ့
အင်တာနက်လိုင်း ဖွင့်လို့ မရဘဲ ဖြစ်နေတတ်ပါတယ်
ဒါဆိုရင်   ၁။APN Setting ကြောင့်လား ?
             ၂။ SIM Card ရဲ့  Net Data Off ဖြစ်နေလို့လား ? ဆိုပြီး ၂ ချက်ရှိပါတယ်...
အများအားဖြင့်တော့ APN (Access Point Name) Setting ပျက်သွားလို့ ဖြစ်တာများပါတယ်..

 
 ANDROID ဖုန်းများရဲ့  APN Setting ပြန်ဖြည့် ဖို့အတွက် အောက်မှာ ပုံလေးတွေနဲ့ ပြထားပါတယ်..
 ဖုန်းရဲ့ Setting မှ More Networks သွားပါ ..၊
(အချို့ Android version2.3 ဖုန်းဆိုရင်Wireless and network နှိပ်ပါ)
 Mobile networks မှ Access Point Names(APNs) နှိပ်ပါ

ဖုန်းရဲ့ Menu key ကို နှိပ်ပြီး New APN ကိုနှိပ်ပါ




12call သုံးသူများဆိုရင် 
     Name နေရာမှာ AIS Internet ရေးထည့်ပါ
     အောက်က APN နေရာမှာ www.ais.co.th ရေးထည့်ပါ
     Menu ကိုနှိပ်ပြီး Save လုပ်ပြီး ပြန်ထွက်လိုက်ပါAIS Internet ကို check လုပ်ခဲ့ပါ..
    ပြီးရင် Mobile Data Connection ကို On(check) ပြီး  အင်တာနက်ဖွင့်ကြည့်ပါ..အဆင်ပြေပါလိမ့်မယ်  
အဲလိုမှ အင်တာနက် တက်မရဘူး ဆိုရင်
   12call sim card ရဲ့ net data ကို ဖွင့်ပေးဖို့လိုအပ်ပါတယ်၊
   12call ရဲ့ Netdata ON ဖို့ *192*2# နှိပ်ပြီး ခေါ်ပါ (ကြောက်နေနဲ့အုံး..ပိုက်ဆံမကုန်ပါဘူး ငဲငဲ)
   ခနနေရင် Net data ဖွင့်လိုက်တဲ့ အကြောင်း စာအိတ်ဝင်လာရင်.
   ဖုန်း ပိတ်လိုက်ပါ...ဖုန်းပြန်ဖွင့်ပြီးရင် သုံးလို့ ရပါဘီ..၊


Dtac ဖုန်း လိုင်းသုံးသူဆိုရင်

   Name မှာ DTAC Internet ရေးထည့်ပါ၊
   အောက်က APN နေရာမှာ www.dtac.co.th ရေးထည့်ပါ..
   Menu ကို နှိပ်ပြီး Save လုပ်ပြီး ပြန်ထွက်လိုက်ပါ၊
   Dtac Internet ကို check လုပ်ပါ၊

   ပြီးရင် Mobile Data ကို On(check) ပြီး အင်တာနက်ဖွင့်သုံးကြည့်ပါ..
   များသောအားဖြင့် အွန်လိုင်းသုံးရပါပြီ ...၊

အဲလိုမှမရသေးရင် အင်တာနက် တက်မရဘူး ဆိုရင်
   Dtac(Happy) sim card ရဲ့ Net data ON  ဖို့ အတွက်
   *104*71*9# ကို နှိပ်ခေါ်လိုက်ပါ....၊စာအိတ်ဝင်လာရင် ဖုန်းပိတ်လိုက်ပါ ...
   ဖုန်းပြန်ဖွင့်ရင် အင်တာနက်လိုင်းသုံးလို့ရပါပြီး ..

Wednesday, August 20, 2014

Android OS သုံး စမတ်ဖုန်းကိုပေါ့ပါးစေရန် (၁၁)ချက်


ယခုဆိုလျှင်စမတ်ဖုန်းတွေဟာပေါများလှသလို အမျိုးအစား ဈေးနှူန်း အနိမ့်အမြင့် မျိုးစုံရှိလှပါတယ်။ ဒီလိုပေါများတာကလည်း Open Source OS ၁ခုဖြစ်တဲ့ Android OS ကြောင့်ဆိုလဲ မမှားပါဘူး ။ Android OS မှာတင် အရွယ်အစားမျိုးစုံ ဒီဇိုင်းမျိုးစုံ တံဆိပ်မျိုးစုံ တန်ဖိုးနည်း/ များ ရှိကြပါတယ် ။ ဒီထဲ ကမှ တန်ဖိုးကြီး စမတ်ဖုန်းကိုင်ဆောင်သူတွေဟာ ဖုန်းရဲ့ ပေါ့ပါးမှု ဖုန်းရဲ့ စွမ်းဆောင်ရည်ကောင်းမွန်မှုတို့ကို အသုံးပြုချင် လို့ ကိုင်ဆောင်ကြတာများပါတယ် ။ ဒါပေမယ့် စမတ်ဖုန်းကို ပေါ့ပါးအောင် မပြုလုပ်နိုင်တဲ့ အတွက် ဈေးကြီးပေးပြီး စိတ် မချမ်းမသာဖြစ်ကြရပါတယ်။

ဒီလို မဖြစ်ရအောင် Android OS သုံး စမတ်ဖုန်းတွေကို ပေါ့ပါးအောင် ပြုလုပ်နိုင်မယ့် အချက် (၁၁) ချက်ကို တင်ပြပေးလိုက်ရပါတယ်။



၁ ။ သင့်ဖုန်းဟာ Up to date ဖြစ်ပြီလား

Android OS သုံး စမတ်ဖုန်းတွေမှာ System ပိုင်းဆိုင်ရာ Update တွေ minor update တွေပေးတတ်ကြပါတယ် ။ အဆိုပါ Updateတွေမှာ Error များကို Bug fixes ပါဝင်တတ်ပြီးစမတ်ဖုန်းကို ပိုမို မြန်စေနိုင်ပါတယ်။ အဆို ပါ minor နဲ့ System Update များကို internet မှ တိုက်ရိုက် မြှင့်တင်နိုင်ပြီး မိမိရဲ့ ဖုန်းမှာ Update တွေရှိမရှိ ဆိုတာ ကို Settings > About device > Software update မှာ ကြည့်ရှူနိုင်ပါတယ်။ ထို့ အတူ ဖုန်းမှာ ပါဝင်လာတဲ့ Default Application တွေကို လည်း Update မြင့်ပေးသင့်ပါတယ်။

၂ ။ Home screen ကို ရှင်းလင်းအောင်ထားခြင်း

သင့်ရဲ့ စမတ်ဖုန်းကိုပေါ့ပါးစေဖို့ လှပတဲ့ Live Wallpaper တွေအသုံပြုမယ့် အစား ပိုမိုသင့်တော်ကောင်း မွန် တဲ့ Original Wallpaper တွေကို အသုံးပြုသင့်ပါတယ်။ ထို့အပြင် Screen ပေါ်မှာ မိမိအတွက် အသုံးမလိုတဲ့ icon တွေနဲ့ widgets တွေထားဖြင်းမှရှောင်ရှားသင့်ပါတယ်။ ထိုသို့ပြုလုပ်ခြင်းဟာ ဖုန်းရဲ့ စွမ်းဆောင်ရည် ကို မြင့်တင်ပေးနိုင်ပြီး Performance ကိုလည်း ပိုမိုကောင်းမွန်စေမှာဖြစ်ပါတယ်။

၃ ။ အသုံးမလိုတဲ့ Application တွေကို Uninstall သို့မဟုတ် Disable ပြုလုပ်ပါ

တချို့သော App တွေဟာ မိမိအတွက် အသုံး မ၀င်သလို မိမိရဲ့စက်ကိုလဲ လေးလံစေပါတယ် ။ အဆို ပါ အချက်တွေကလည်း ဖုန်းရဲ့ စွမ်းဆောင်ရည် ကိုကျဆင်းစေနိုင်ပါတယ်။ Uninstall သို့မဟုတ် Disable လုပ်ဖို့ Setting > App ကိုသွားပါ ပြီး ရင် All ဆိုတဲ့ Tab မှာမိမိအတွက် အသုံးမ၀င်သော Application များကို Uninstall ပြုလုပ်ပေးပါ ထို့အပြင် မသုံးသော default app များကို Disable ပြုလုပ်ပေးပါ ။ ထို့နောက် Setting > App ထဲမှ Running App ထဲတွင် မိမိကမသုံးပေမယ့် နောက်ကွယ်မှာ အလုပ်လုပ်နေသော App များကို ပိတ်ပေးပါ အဆိုပါ အချက်များကြောင့်လည်း စမတ်ဖုန်းဟာ ပိုမိုလေးလံနိုင်ပါတယ်။

၎ ။ Animations အသုံးပြုမှူကို ပိတ်ထားပါ

သင်ရဲ့စမတ်ဖုန်းကို ပုံမှန်အတိုင်း အသုံးပြုနေရင်တော့ မသိသာပါဘူး တကယ်တမ်းလေ့လာမယ်ဆိုရင်တော့ Page လေးတွေရွေ့သွားတာက ရိုးရိုး မဟုတ်ပါဘူး လှုပ်ရှားမှုတိုင်းမှာ Animation လေးတွေပါရှိပါတယ်။ အဆိုပါ Animation ကြောင့်လည်း ဖုန်းဟာ ပိုမို လေးလံတတ်ပါတယ်။ Animation တွေကို ပိတ်ချင်ရင်တော့ ဖုန်းမှာ Developer options ဖွင့်ထားမှရမှာပါ ။ Developer options ထဲမှာအောက်ဆုံးကိုသွားလိုက်ပါ Window animation scale , Transition animation scale ,နဲ့ Animator duration scale တို့ကို အနည်းဆုံးဖြစ်တဲ့ 5x ပမာဏ သို့မဟုတ် ပိတ်ထားပေးပါ ။ ဒီအချက်တွေဟာ လည်း ဖုန်းကိုလေးလံစေသော အချက်များထဲက တစ်ခု့ဖြစ် ပါတယ်။

၅ ။ Application တွေရဲ့ Data တွေပါတဲ့ cached တွေကိုရှင်းပေးပါ

ဖုန်းတွေမှာ တချို့ app တွေဟာ လိုအပ်တဲ့ data ဖိုင်တွေကို ဖုန်းရဲ့ Storage ထဲမှာ ထားရှိတတ်ပါတယ် ။ ဥပမာ Offline ဖတ်ရှုနိုင်တဲ့ သတင်း ကဲ့သို့သော Application တွေဟာ လိုအပ်တဲ့ offline ဖတ်ရှုနိုင်တဲ့ Data တွေ ကို ဖုန်းထဲမှာထားတတ်ကြပါတယ်။ အဆိုပါ App တစ်ခုချင်းဆီမှာ လည်း Data cached တွေကို ရှင်းနိုင်သလို Setting > Storage ထဲမှာ လည်း Cached ဖိုင်တွေကို ရှင်းလို့ရပါတယ်။

၆ ။ Wipe cache partition ပြုလုပ်ခြင်း

Wipe cache ဆိုတာဖုန်းထဲမှာ သိုလှောင်ထားတဲ့App တွေရဲ့ ယာယီ Data တွေကို ဖျက်ပစ်တာပါ ဒီလိုဖျက်ရာ မှာ internal storage ထဲမှာ ၀င်ရောက်ဖျက်နိုင်သလို မမြင်နိုင်တဲ့ ဖိုင်တွေကိုတော့ ဖုန်းရဲ့ Partition တစ်ခုဖြစ်တဲ့ Recovery မှ ၀င်ရောက်ဖျက်ပေးရမှာ့ဖြစ်ပါတယ်။ မိမိဖုန်းနဲ့သက်ဆိုင်တဲ့ Recovery သို့ဝင်ရောက် နည်းတွေ ကို Google မှာရှာဖွေနိုင်ပါတယ်။

၇ ။ အခြား ပေါ့ပါးစေမယ့် Third party Launcher ကို အသုံးပြုပေးပါ

စမတ်ဖုန်းတိုင်းမှာ Google မှထုတ်လုပ်တဲ့ Nexus Devices တွေကလွဲလို့ Android OS ပေါ်ကို အခြေခံထား တဲ့ Launcher တွေကို အသုံးပြုကြပါတယ် အဆို ပါ Launcher တိုင်းဟာ ဖုန်းပေါ်မှာ အခြေပြု လုပ်ဆောင်နေ တာဖြစ်လို့ CPU တွေစွမ်းအင်ကို အသုံးပြုလည်ပတ်နေတာဖြစ်ပါတယ်။ အခြား Developer တွေရေးသား ထား တဲ့ Third party Launcher တွေဖြစ်တဲ့ Go launcher , Next Launcherတို့ကို အသုံးပြုခြင်းဖြင့် CPU ရဲ့ စွမ်းဆောင်ရည်တွေကို လျော့ချနိုင်သလို ဖုန်းကိုလည်း ပိုမို သွက်လက်ကာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

၈ ။ Factory Reset ချခြင်း

ဒီစကားကိုတော့ တော်တော်များများ ကြားဖူးမှာပါ မိမိရဲ့ ဖုန်း တော်တော်ကိုလေးလံလာပြီဆိုရင် လုပ်တတ်ကြပါတယ် ။ ထိုသို့ ပြုလုပ်ခြင်းဟာလည်း ဖုန်းကို စက်ရုံမှထုတ်သကဲ့ သို့ ပြုလုပ်ပေး တာဖြစ် တာကြောင့် ဖုန်း ကိုပိုမို ပေါ့ပါးစေပါတယ်။ ဒါပေမယ့် Factory reset ပြုလုပ်မယ်ဆိုရင်တော့ Data တွေကို back up ပြုလုပ်သင့်ပါတယ် ။ Factory reset ချချင်တယ်ဆိုရင်တော့ Setting > Backup & reset > Factory reset ဆိုသော ခလုတ်ကိုနှိပ်ပြီးပြုလုပ်ရမှာပါ။

၉ ။ ဖုန်းကို Over Clock ပြုလုပ်ခြင်း

Over Clock ပြုလုပ်ခြင်းဟာလည်း ဖုန်းရဲ့ စွမ်းဆောင်ရည်ကိုမြင့်တင်တာဖြစ်ပြီး Processor တွေကို အမြန်နှုန်းမြှင့်လိုက်ခြင်းဖြစ်ပါတယ် ထိုသို့ ပြုလုပ်ခြင်းဖြင့် ဖုန်းဟာ ပိုမို မြန်ဆန်လာမှာဖြစ်ပါတယ် ။ ဒါပေမယ့် Over Clock ပြုလုပ် ခြင်းဟာ System ပိုင်းဆိုင်ရာကိုပြုပြင် တာဖြစ်တာကြောင့် Root Access လိုအပ်မှာဖြစ်သလို အခန့်မသင့်ရင် ဖုန်းကိုပျက်ဆီးစေနိုင်တာကြောင့် သတိထားပြီးပြုလုပ်စေချင်ပါတယ်။

၁၀ ။ Auto – Sync ကို ပိတ်ထားခြင်း

Android Device အသုံးပြုသူများဟာ ဖုန်း နဲ့ Cloud Service တွေကို ချိတ်ဆက်အသုံးပြုကြတာကြောင့် Data တွေကို ဖလှယ်တဲ့ စနစ်ဖြစ်တဲ့ sync ကို အသုံးပြုကြပါတယ် ဒါပေမယ့် အဆိုပါ အလိုအလျောက် ဖလှယ်တဲ့ စနစ့်ဖြစ်တဲ့ Auto – sync ဟာ နောက်မှာ Run နေတတ်ပါတယ်။ ဒီစနစ်ဟာ စမတ်ဖုန်းရဲ့ စွမ်းဆောင်ရည်နဲ့ Battery ကို အသုံးပြုမှု များတာကြောင့် အားကုန်ခြင်း စက်လေးခြင်းတွေဖြစ်တတ်ပါတယ်။
ဒါကြောင့် မိမိအသုံးပြုလိုသော Data ကို Sync ပြုလုပ်ပြီးလျှင် Auto – sync စနစ်ကိုပိတ်ပေးသင့်ပါတယ်။

၁၁ ။ Custom Rom တင်ခြင်း

ဖုန်းတွေမှာ original ပါဝင်လာတဲ့ Feature တွေဟာနည်းပါးပါတယ် ဥပမာ – Huawei လို ဖုန်းတွေမှာ ဖုန်းရဲ့ လုပ်ဆောင်နိုင်စွမ်းတွေဟာ နည်းပါးလှပါတယ် ။ ဒါ့ကြောင့် Developer တွေဟာ ဖုန်းတွေနဲ့ ကိုက်မယ့် Rom အမျိုးအစားတွေကို ပြုလုပ် ဖန်တီးကြပါတယ်။ အသစ်ပြုလုပ်ဖန်တီးထားတဲ့ Rom တွေကိုတော့ Custom Roms ဟုခေါ်ပြီးတော့ အဆိုပါ Roms တွေမှာ သာမန် stock rom တွေမှာ မပါရှိတဲ့ Feature တွေ Tweak တွေကိုထည့်သွင်းပေးရုံသာမက ဖုန်းရဲ့ စွမ်းဆောင်ရည်ကိုပိုမို မြင့်တင်ပေးနိုင်ပါတယ်။ ဒါပေမယ့် Error နည်းတဲ့ Roms ကိုရွေးချယ်တင်မှသာ အဆင်ပြေနိုင်မြှာ့ဖစ်ပါတယ်

Apple ID Activate ပြသာနာ ဖြေရှင်းနည်း



သင့်ရဲ့ လက်ထဲမှာမူလပိုင်ရှင်ရဲ့ Apple ID ကို မသိလို့ Activate လုပ်မရတဲ့ iPhone တစ်လုံးရှိနေပါသလား..?

မိမိရဲ့ Apple ID ကို ကိုယ်တိုင်မေ့သွားလို့ Activate လုပ်မရတော့ဘူးလား..?
တန်ဖိုးကြီးကြီးပေးထားရတဲ့ Apple iDevice ကို အရုပ်တစ်ရုပ်လို မှန်ဗီရိုထဲမှာပဲ အပြီးအပိုင် အလှ ပြထားရတော့မှာလား...?


စသော စသော Activation ပြဿနာတွေကြောင့် အိပ်ပျော်နေတဲ့ iDevice လေးတွေကို နှိုးလိုက်ကြရအောင်....

အမည်မဖော်ပြလိုတဲ့ Hacker တစ်ယောက်ရဲ့ ရိုက်ချက်က Apple ကို ဆတ်ဆတ်ခါအောင် အသဲခိုက်သွားစေပါတယ်။

iDevice တွေရဲ့ လုံခြုံရေးကို ခေါင်းစဉ်တင်ပြီး iOS 7 က စတင်၍ iCloud ကို အသုံးပြုပြီး Apple ID နဲ့ ထိန်းချုပ်ထားခဲ့တဲ့ Activation system ကို ကျော်ဖြတ်နိုင်တဲ့ exploit (ဆေးထိုး) ခံလိုက်ရပါတယ်။

Apple က ဒါကို သိလိုက်တဲ့ အချိန်မှာ နောက်ကျသွားခဲ့ပါပြီ၊ အဆိုပါ Hacker ကို ဆက်သွယ် ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် သူကတော့ သူ့လမ်းပဲ သူဆက်လျှောက်မယ့် သဘော ဖြစ်ပါတယ်။

iDevice ကို USB ကြိုးနဲ့သွယ်ပြီး PC နဲ့ ချိပ်ဆက်လိုက်တာနဲ့ Activation ကို ကျော်ဖို့ iDevice ကို လှည့်ဖြားလိုက်တဲ့ သူ့ရဲ့ နည်းပညာက ကြီးကြီးမားမား software တွေ သုံးရတာမျိုး မဟုတ်ပါဘူး။

"စာကြောင်းလေး တစ်ကြောင်း" ကို မိမိ PC ရဲ့ 'host' file မှာ သွင်းပေးလိုက်ရုံနဲ့တင် Activation ကျော်သွားအောင် လုပ်ထားတဲ့ နည်းပညာက user တွေအတွက် အခက်အခဲ မရှိအောင် ရိုးရှင်းပါတယ်။

iDevice များ အားလုံးအတွက် လုပ်ပေးနိုင်ပေမယ့် GSM iPad's, iPhone 4S, iPhone 5 (c) (s) တို့ကတော့ Beta Testing အဆင့်မှာပဲ ရှိနေပါသေးတယ်။

>> လုပ်ငန်းစဉ် <<

လိုအပ်ချက် - iDevice နှင့် PC နှစ်ခုလုံးတွင် connection Online ဖြစ်ရပါမည်။

၁) iDevice ကို WiFi နှင့်ချိပ်ဆက်ပြီး Activation နေရာထိ သွားပါ။

၂) PC ၏ Web Browser မှနေ၍ DoulCi.net ကိုသွားပါ။

၃) " ***.***.*.**.albert.apple.com " ပါသော IP address စာသားကို Copy ယူပါ။

၎) လမ်းကြောင်းရှိ 'host' file တွင် Paste လုပ်ပြီး save လုပ်ပါ။
C:\Windows\System32\drivers\etc\hosts (Windows)
/private/etc/hosts (Mac)

၅) iDevice ကို Unplug လုပ်ပါ။ ပြီးမှ PC နှင့် ပြန်ချိပ်ပါ။

၆) iTunes မှ pop-up message တက်လာပါက 'Continue' ကို နှိပ်ပါ။

Activation အဆင့်ကို ကျော်သွားနိုင်ပါပြီ...

မှတ်ချက်။ ။

အဆင့် (၃) အတွက် ရှာမတွေ့ပါက ( 197.153.9.35.albert.apple.com ), (188.226.251.76 albert.apple.com) တို့ကို အသုံးပြုနိုင်ပါတယ် (မသေချာပါ)...

DoulCi Server address က အမြဲပြောင်းလဲလျှက်ရှိပါတယ်၊ ဒါကြောင့် IP address မတွေ့သူများ နာရီဝက်ခြား တစ်ခါလောက် အမြဲစစ်ဆေးနေသင့်ပါတယ်။ (သို့မဟုတ်) DoulCi Team အဖွဲ့ဝင်များဖြစ်ကြသော @MerrukTechnolog, @AquaXetine တို့ရဲ့ Twitter တွင် သွားရောက် ဆက်သွယ်နိုင်ပါတယ်။

Tuesday, June 24, 2014

Zawgyi Font ကို Mac OS တွင် install ပြုလုပ်နည်း


Mac OS တွေမှာ Zawgyi Font ထည့်ပြီး သုံးချင်သူများအတွက် မျှဝေလိုက်ပါတယ် …
၁။ အရင်းဆုံး Zawgyi-KB.dmg ကို Download လုပ်ပါ။
Mediafire – Download
pcloud – Download
၂။ Download လုပ်ပြီးတဲ့ Zawgyi-KB.dmg ကို double click နှိပ်ပြီးဖွင့်လိုက်ပါ။ အောက်ပါပုံအတိုင်းမြင်တွေ့ရပါလိမ့်မယ်။
Zawgyi.keylayout ကို drog ဆွဲပြီး Keyboard Layouts ဆိုတဲ့ Folder ထဲဆွဲထည့်လိုက်ပါ။
Zawgyi.icns ကိုရေ drag ဆွဲပြီး Keyboard Layouts Folder ထဲထည့်ပါ။
ထိုနည်းတူစွာ Zawgyi One.ttf ကိုလဲ Fonts Folder ထဲဆွဲထည့်လိုက်ပါ။
ကဲဒါဆို Zawgyi Font ကို install လုပ်ပြီးပါပြီ။ Zawgyi-KB.dmg ဆိုတာကို ပိတ်လို့ရပါပြီ။

Picture6၃။ Font install လုပ်ပြီးသွားပြီ ဆိုတော့ internet browers safari ကနေ မြန်မာ Website တစ်ခုခုကိုဝင်ကြည့်ရင်
မြန်မာ Font ကို ကောင်းကောင်း မြင်တွေ့ဖတ်ရှုနိုင်ပါပြီ။ မြင်တော့ မြင်တွေ့ရပေမဲ့ စာရိုက်လို့တော့ မရသေးပါဘူး။
အဲ့ဒီအတွက်ကြောင့် စာရိုက်လို့ရအောင် ထပ်မံပြုလုပ်ပေးရပါအုန်းမယ်။
၎။ Mac OS ရဲ့ system preferences ထဲကို ဝင်လိုက်ပါ။ Language & Text ဆိုတာကို မြင်တွေ့နေရပါလိမ့်မယ်။
Double click နှိပ်ပြီးဖွင့်လိုက်ပါ။ Box လေးတစ်ခုထပ်ထွက်လာပါလိမ့်မယ်။ Input Sources tab ကို Click တစ်ချက်နှိပ်လိုက်ပါ။
ထိုအခါ Keyboard က US လို့ Auto ဖြစ်နေပါလိမ့်မယ်။ ကျနော်တို့က မြန်မာ Font ရိုက်ချင်တာဖြစ်တဲ့ အတွက် Auto ရွေးထားတဲ့
US အပြင် Zawgyi KB ဆိုတာကို ပါ On ပေးရပါလိမ့်မယ်။ ဒါဆို မြန်မာ Font ရိုက်လို့ရပါပြီ။ ဒါပေမဲ့ ထပ်ပြုလုပ်ပေးရမှာရှီပါသေးတယ်။
၅။ Language & Text ရဲ့ Box ညာဘက်နားလေးမှာ Keyboard Shortcuts ဆိုတာလေးကို မြင်တွေ့ရပါလိမ့်မယ်။ တစ်ချက်နှိပ်ပြီးဝင်လိုက်ပါ။
အဲ့မှာ ပြောင်းလဲပေးရမှာက Keyboard & Text input ကိုရွေးပေးပါ။
3-Google-Pinyin-for-Mac-Goopy-Icon-in-Language-n-Text-Panel
၆။ ထိုအခါ Select the previous input source ကို On ပေးပါ။ ထိုအခါ အဝါရောင် ! လေးတွေကို မြင်တွေ့ရလျှင်
အဝါရောင် ! error ရှီတဲ့နေရာကိုသွားပြီး On ထားသော check ကို Off ပေးလိုက်ပါ။ ဒါဆိုရင်တော့ အားလုံးအိုခေသွားပါပြီ။
systemprefs-keyboard
ဒါဆိုရင်အားလုံးအဆင်ပြေသွားပါပြီ။ Mac OS တွင် Zawgyi Font ကိုအသုံးပြုနိုင်ပါပြီ။

Monday, June 23, 2014

Virus များကို CMD ဖြင့်သတ်ခြင်း

ကွန်ပျူတာအသုံးပြုရာတွင် Anti Virus Software များအသုံးမပြု၍သော်လည်းကောင်း၊ အသုံးပြုထားသည့် Anti Virus Software များ ကောင်းစွာ အလုပ်မလုပ်ခြင်းကြောင့်သော်လည်းကောင်း Virus များပျံ့နှံ့ကူးစက်နိုင်ပါသည်။ ထိုသို့ကြုံတွေ့ရပါက CMD မှတစ်ဆင့် Virus များ ကိုရှင်းလင်းနိုင်ပါသည်။ ထိုသို့ရှင်းလင်းရန်အတွက် Virus အမည်ကိုသိရှိရန်လိုအပ်ပါသည်။ ကွန်ပျူတာအသုံးပြုသူများအနေဖြင့် သိရှိထားသင့်ပြီး အကျိုးရှိနိုင်သည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။ အောက်ဖော်ပြပါအတိုင်းတစ်ဆင့်ခြင်းစီ ပြုလုပ်သွားရပါမည်။
၁။ Start \ Run တွင် cmd ဟုရိုက်၍ OK ပေးရပါမည်။
၂။ ထို့နောက် ကွန်ပျူတာတွင်ရှိနေသည့် Partition များမှ Virus 0င်ရောက်နေသည့် အပိုင်းသို့ဝင်ရောက်ရပါမည်။ ဆိုလိုသည်မှာ ကွန်ပျူတာတွင် Partition ၃ ခုရှိသည့်အနက် D တွင် Virus ၀င်ရောက်နေပါက cmd တွင် D: ဟုရိုက်၍ Enter ကို နှိပ်ပေးရပါမည်။ ထိုအခါ cmd တွင် Virus ၀င်ရောက်နေသည့် Partition သို့ဝင်ရောက်ပြီးဖြစ်ပါသည်။
၃။ ထို့နောက် attrib -r -h -s(virus name.frile extension) ရိုက၍ Enter ပေးရပါမည်။ virus name.frile extension ဆိုသည်မှာ မိမိစက် တွင် ၀င်ရောက်နေသည့် Virus အမည်နှင့်အမျိုးအစားကိုဆိုလိုခြင်းဖြစ်ပါသည်။
၎။ ထိုသို့ပြုလုပ်ပေးပြီးပါက c:\windows>- ဟုcmd တွင်တွေ့မြင်နေရမည်ဖြစ်ပြီး Virus ကိုရှင်းလင်းရန်အတွက် del(virus name.frile extension) ဟုရိုက်၍ Enter ပေးရပါမည်။ ထိုသို့ပြုလုပ်ပြီးပါက ကွန်ပျူတာတွင်ဝင်ရောက်သော Virus ကိုရှင်းလင်းပြီးဖြစ်ပါသည်။

Friday, June 13, 2014

PortableSoftware အကြောင်းသိကောင်းစရာ

      Computer Technician တော်တော်များများဟာ Software များကို Portable Version အနေနဲ့ အသုံးပြုလာတာများပါတယ်။

                    ဘာကြောင်လဲဆိုတော့ PortableSoftware တော်တော်များများကိုသုံးခြင်းအားဖြင့် ကျွန်တော်တို့ ကွန်ပျူတာရဲ့ Memory အသုံးပြုမှု Harddisk အသုံးပြုမှုကို လျော့နည်းစေတဲ့အပြင် ကျွန်တော်တို့ Portable အနေနဲ့ပြုလုပ်ထားတဲ့ Software တွေကို သွားလေရာမှာအလွယ်တကူ ယူဆောင်သွားနိုင်ပါတယ်။
                        အဓိကအရေးကြီးတဲ့အချက်ကတော့ ကျွန်တော်တို့ဟာ Software တွေကို Install လုပ်စရာမလိုတာပါပဲ။ Portable Software တွေရဲ့ အခြားအားသာချက်တွေကတော့ သူတို့တွေဟာလည်း Software installation ဖြစ်ပေမယ့် install လုပ်စရာအချိန်မလိုပဲနဲ့ Double click နှိပ်လိုက်ယုံနဲ့တင်သုံးလို့ရပါတယ်တယ်။
                         နောက်တစ်ချက်ကတော့ ကျွန်တော်တို့သဘောကျတဲ့ ဆော့ဝဲတွေကို ( နိုင်ငံခြားမှာဆိုရင် ၀ယ်သုံးရတယ်) ကျွန်တော်တို့ ကွန်ပျူတာထဲမှာ ထည့်ပီးတော့ Install လုပ်ပီးတာနဲ့ Portable Version အဖြစ်သိမ်းထားလို့ရပါတယ်။
                        ဒါကြောင့် ကျွန်တော်တို့ဟာတစ်ခြားကွန်ပျူတာတွေမှာ Softwareတွေကို Portable Version အနေနဲ့သုံးလျှင်နောက်ထပ် ပိုက်ဆံထပ်မပေးရပါဘူး။နောက်တစ်ချက်ကတော့ ကျွန်တော်တို့အတွက် အမြဲတမ်းမလိုအပ်တဲ့ ဆော့ဝဲတွေကို တစ်ခနတာ အသုံးပြုဖို့အတွက် install လုပ်လိုက်ခြင်းဖြင့် မလိုအပ်တဲ့application တွေကို Registry ထဲဝင်ရေးခြင်းမှကင်းရှင်းစေပါတယ် ဒါကြောင့်ကျွန်တော်တို့ ကွန်ပျူတာတွေထဲကို Software install လုပ်စရာမလိုတဲ့အတွက် Registry ကို သန့်ရှင်းစေပါတယ်။

                  ဒါ့အပြင် တစ်ခြားအရေးကြီးတဲ့ အချက်ကတော့ ကျွန်တော်တို့ဟာ Portable Software တွေကိုသုံးခြင်းဖြင့် တခြားမလိုလားအပ်တဲ့ တစ်ခြားသူတစ်ယောက်ဖန်တီးထားတဲ့ Fake Software တွေရန်မှ ကာကွယ်နိုင်ပါတယ်။ ဥပမာ အားဖြင့်တော့ ကျွန်တော်တို့ဟာ တစ်ခြားသူတစ်ယောက်ကွန်ပျူတာမှာ သွားသုံးမယ်ဆို၇င် Portable Softwareတွေကိုယူသွားဖြင်းဖြင့်  -  Fake Gtalk account, Firefox Add-on တွေကိုမသုံးပဲ ကိုယ်တိုင်ယုံယုံကြည်ကြည်လုပ်ထားတဲ့ Portable Software နဲ့ အသုံးပြုနိုင်ပါတယ်။

                   နောက်ထပ် မြန်မာနိုင်ငံက အင်တာနက်ဆိုင်တို့လို Domain Login Server ခံထားတဲ့ ကွန်ပျူတာတို့လို Software installation တွေပိတ်ထားတဲ့နေရာမှာ ကျွန်တော်တို့ဟာ Portable Software တွေကိုသုံးခြင်းအားဖြင့် ကျော်လွှားနိုင်မှာဖြစ်ပါတယ်။

Monday, June 9, 2014

Core i3,Core i5,Core i7 ကွာခြားချက်များ

Core i3 , core i5 , core i7 အကြောင်းမပြောခင် core i series ထဲမှာ ပါဝင်တဲ့ သုံးထားတဲ့ နည်းပညာ အသုံး အနှုန်းနဲ့  Architecture , code name တွေ အရင်ပြောပြပါ့မယ် ဘာကြောင့်လဲဆိုတော့ အဲဒါကို သိထားပါမှ ကွဲပြားမှုလေးတွေ ပိုမိုပေါ်လွင်မှာဖြစ်ပါတယ်….
Core i series Architecture
Core i series မှာ Nehalem Architecture နဲ့  Sandy bridge Architecture ဆိုပြီးရှိပါတယ်.. ပထမဆုံး စထုတ်တာ Nehalem Architecture ကို base လုပ်ပြီး ထုတ်လုပ်ပါတယ်…Sandy bridge Architecture ကိုတော့ 2011 အစောပိုင်းကာလမှာ စပြီးထုတ်ခဲ့ပါတယ်..

Core i series code name
Core i series code name များမှာ
1.Gulftown,
2.Bloomfield,
3.Lynnfield,
4.Clarkfield,
5.Clarkdale,
6.Arrandale,
7.Sandy bridge(Desktop),
8.Sandy bridge(moblile) တို့ဖြစ်ကြပါတယ်။
Core i series code name အုပ်စုမှာ Nehalem Architecture ကိုအခြေခံတည်ဆောက်ထားတဲ့ code name တွေကတော့ Gulftown,Bloomfield, Lynnfield, Clarkfield,Clarkdale နဲ့ Arrandale တို့ဖြစ်ကြပါတယ်။ Sandy bridge Architecture ကိုအခြေခံတည်ဆောက်ထားတဲ့ code name တွေကတော့ sandy bridge(Desktop) နဲ့ sandy bridge(mobile) တွေဖြစ်ပါတယ်..

Core i series processor မှာ ဘာတွေထူးခြားပြီး ကွာသွားမှာလဲ
Core i series မှာ အောက်ပါအချက်များကွာခြားသွားပါတယ်
1.core အရေ အတွက်ပါဝင်မှု
2.Thread အရေအတွက်
3.Cache ပါဝင်မှု ပမာဏ
4. Turbo Boost Technology
5. Smart Cache
6. QPI
7.Hyper-threading technology

1.Core အရေအတွက်
Core ဆိုတာ တွက်ချက်မှူ real processing unit တစ်ခုဖြစ်ပြီး chip တစ်ခုပေါ်မှာ တည်ဆောက်ထားပါတယ် အဲဒီ core က နှစ်လုံး လေးလုံး စသဖြင့်ပါဝင်ပါတယ်..
2.Thread အရေအတွက်
Thread ဆိုတာ processor ကို instruction ပေးပို့ ရာမှာ လမ်းကြောင်း 1ခု 2ခု 4ခု 8ခု စသဖြင့်ရှိပါတယ် 2ခုနဲ့ 2ခုအထက်ကို multi-thread လို့ ခေါ်ပါတယ်..
3.Cache ပါဝင်မှု ပမာဏ
Cache ပါဝင်မှုပမာဏ အနည်းများပေါ်မူတည်ပြီး ပိုပြီးမြန်သလို cache ပမာဏများတဲ့ processor ကပိုပြီးတော့ဈေးကြီးပါတယ်..(2MB,4MB,6MB,8MB..စသဖြင့်)
4. Turbo Boost Technology
Turbo Boost ဆိုတာ လိုအပ်တဲ့ အချိန်မှာ core တစ်လုံး နဲ့ တစ်လုံး ပေါင်းစည်းလုပ်ဆောင်ပေးပါတယ်.. process တစ်ခုကို core တစ်လုံးတည်းနဲ့ လုပ်ဆောင်နိုင်ပါက core တစ်လုံးတည်းနဲ့ သာ လုပ်ဆောင်ပြီး core တစ်လုံးတည်းနဲ့ လုပ်ဆောင်ရန်မလုံလောက်တဲ့အခါ core တွေ အချင်းချင်းချိတ်ဆက်လုပ်ဆောင်တဲ့ နည်းပညာဖြစ်ပါတယ်..
5. Smart Cache
Smart cache ဆိုတာ core ထဲမှာ ပါတဲ့ cache တွေဟာ လိုအပ်တဲ့အခါမှာ အချင်းချင်း ပေါင်းစည်း လုပ်ဆောင်တဲ့ နည်းပညာဖြစ်ပါတယ်..
6. QPI (Quick Parth Interconnect)
QPI ဆိုတာ processor နဲ့ north bridge ကြားမှာ high speed transfer လုပ်ဆောင်ပါတယ်.. north bridge ကို အရင်ကလို motherboard ပေါ်မှာ chip တစ်ခုအနေနဲ့  သီးသန့် ထုတ်မ ထား တော့ပဲ CPU ထဲကို ဆွဲသွင်း လိုက်ပါတယ်..ဒါကြောင့် point to point ချိတ်ဆက်ပြီး လုပ်ဆောင် နိုင်တယ်..ယခင် FSB နေရာမှာ အစားထိုး ၀င်ရောက်လာပြီး QPI ဖြစ်သွားပါတယ်..cpu အတွင်းမှာ north bridge နဲ့  cpu တို့ ချိတ်ဆက်တဲ့ လမ်းကြောင်း ကို Common Serial Interconnect(CSI) bus လို့ ခေါ်ပါတယ်..
7.Hyper-threading technology
Hyper-threading ဆိုတာ processor တစ်လုံးထဲကမှ အချိန်တစ်ခုထဲမှာပင်လျင် thread နစ်ခုကို တစ်ပြိုင်နက်ထဲ တာဝန်ထမ်းဆောင်နိုင်ပါတယ် ဒီနေရာမှာ Thread ဆိုတာ processor ဟာProgram တစ်ခုမှ လာတဲ့ instruction တစ်ခုလုပ် ဆောင်မှုကို thread တစ်ခုလို့ သတ်မှတ်ပါတယ်…Thread ဟာ 2ခု 4ခု 8ခု စသဖြင့်ဖြစ်နိုင်ပါတယ်..HT ပါတဲ့  processor ဟာ architecture state ကို copyer လုပ်ပြီး logically အရ Processor နှစ်လုံးဖြစ်အောင် ဖန်တီးထားခြင်းပါ..နဂို physical မှာရှိနေတဲ့  cache , execution unit, control unit ,buses စတဲ့  resourses တွေကိုမျှဝေသုံးစွဲခြင်းပါပဲ…သာမန် processor တစ်လုံးနဲ့ စာရင် HT processor အလုပ်လုပ်တာ 30%လောက်ပိုပြီးတော့မြန်ပါတယ်...
Nehalem microarchitecture based
Core i3
ပထမဆုံး Nehalem ကထုတ်တဲ့ core i3 ကို 2010 ခုနှစ် ဇန်န၀ါရီလ မှာ စတင် သုံးစွဲခဲ့ကြပါတယ်..Desktop processor မှာ ရော laptop mobile processor အတွက်ပါ ထုတ်လုပ်ခဲ့ပါတယ်..

Core i5
Nehalem ကိုပဲ base လုပ်ထားတဲ့ core i5 ကို စက်တင်ဘာလ ၈ ရက် ၂၀၀၉ ခုနှစ်မှာ စတင်သုံးစွဲခဲ့ကြပါတယ်..
Core i 7
Nehalem ကိုပဲ base လုပ်ထားတဲ့ corei7 ကို ၂၀၀၈ ခုနှစ်ကုန်ပိုင်းလောက်မှာ စတင်သုံးစွဲခဲ့ကြပါတယ်..အဲတုန်းက စစချင်းထုတ်တုန်းက Bloomfield ကိုစထုတ်ခဲ့ပါတယ်..2009 ခုနှစ်မှာ Lynnfield, clarkfield, Arrandale တို့ကိုထုတ်ပါတယ် 2010 ခုနှစ်မှာတော့ Gulftown ကိုထုတ်လုပ်ပါတယ်..ဒါတွေက Nehalem architecture ကိုအခြေခံထား တဲ့ မျိုးကွဲ code name နဲ့ ထုတ်လုပ်ထားတဲ့ processor series တွေဖြစ်ပါတယ်..
Sandy Bridge microarchitecture based
Core i3
Sandy bridge microarchitecture မှာဆိုရင် code name တွေက sandy bridge(Desktop) နဲ့  sandy bridge(Mobile) ဆိုပြီးလာပါတယ်..sandy bridge ကိုအခြေခံထားတဲ့ core i3 ကို ၂၀၁၁ ဇန်န၀ါရီလ ၂၀ ရက်နေ့ မှာ စတင်သုံးစွဲနိုင်ခဲ့ပါတယ်..
Core i5
ယခုလက်ရှိထုတ်နေဆဲကာလမှာတော့ အောက်ပါ အတိုင်း sandy bridge core i5 series တွေကို တွေ့ ရ မှာဖြစ်ပါတယ်..
Core i7
ယခုလက်ရှိထုတ်နေဆဲကာလမှာတော့ အောက်ပါ အတိုင်း sandy bridge core i7 series တွေကို တွေ့  ရမှာဖြစ်ပါတယ်..
အခု ဖော်ပြခဲ့တဲ့အထဲမှာ တစ်ခြားမျိုးကွဲတွေလည်း ရှိကောင်းရှိပါလိမ့်မယ်..core i series processor တစ်လုံးနဲ့တစ်လုံး ဘာကွာလဲလို့မေးလာရင် တစ်ခုတည်းဖြေလို့ မရတော့ပါဘူး ဒါကြောင့်သူ့ မှာပါတဲ့အမျိုးအစား..အထဲမှာ လုပ်ဆောင်နိုင်တဲ့စွမ်းရည် ပါဝင်မှုတွေကို အထက်တွင်ဖော်ပြ ဆွေးနွေးခဲ့ပြီြး ဖစ်ပါတယ်ခင်ဗျာ..Architecture တစ်ခုတည်းအောက်မှာ ပင်လျင် code name တွေခွဲပြီးတော့ ထုတ်ထားတာ ကိုတွေ့မြင်ခဲ့ရပြီး ဖြစ်ပါလိမ့်မယ်..ညီအစ်ကို မောင်နှများအားလုံး knowledge ရကြပါစေခင်ဗျာ..

ကိုစံငြိမ်း(မြန်မာမိသားစုဖိုရမ်)

Thursday, May 29, 2014

Android Device တစ်ခုကို အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်နည်း ( 10 ) နည်း




1. အသုံးမပြုတဲ့ Application Process တွေကို stop ပြုလုပ်ပါ။
          Android ရဲ့ သဘောတရားအရ Application နဲ့ Game တို့ကို အသုံးပြုပြီးတဲ့ အချိန်မှာ Stop ပြုလုပ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။ Exit ပြုလုပ်ပြီးချိန်မှာတောင် Background Process အနေနဲ့ လုပ်ဆောင်မှုတွေ ရှိနေနိုင်တဲ့အတွက် Task killer လိုမျိုး Application အသုံးပြုပြီး Process Kill ပြုလုပ်ပေးသင့်ပါတယ်။
2. Call log များကို ရှင်းလင်းပေးပါ။
          Android ဖုန်းအနိမ့်ပိုင်း Handset တွေမှာ ကြုံတွေ့တတ်တဲ့ ပြသာနာတစ်ခု ဖြစ်ပါတယ်။ Call log တွေများလာတဲံအမျှ ဖုန်းခေါ်ဆိုမှုတွေမှာ အမှားအယွင်း များလာတတ်ပြီး  ပိုမိုလေးလံတဲ့ လုပ်ဆောင်ချက်တွေကို တွေ့ကြုံရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အနည်းဆုံး တစ်နေ့တစ်ကြိမ်  Call log များကို Clear ပြုလုပ်ပေးသင့်ပါတယ်။
3. အသုံးမပြုတဲ့ Connectivity များကို ပိတ်ထားပါ။
          Android Device အသုံးပြုသူ အများစု အနေနဲ့က Wifi နဲ့ Bluetooth တို့ကို အချိန်တော်တော် များများမှာ ဖွင့်လှစ်ထားတတ်တဲ့ အလေ့အထ ရှိပါတယ်။ Wifi ဖွင့်လှစ်ထားခြင်းအတွက် Notification Bar မှာ Alert Icon တွေနဲ့ ရှုတ်ထွေးနေမှာဖြစ်သလို အဆိုပါ Process တွေအတွက်လည်း Battery သုံးစွဲမှု ပမာဏ မြင့်တက်စေပါတယ်။
4. Application အများအပြား ထည့်သွင်းခြင်းမှ ရှောင်ပါ။
          တစ်ချို့သော Android Device User တွေဟာ မိမိရဲ့ Device အတွင်းမှာ Application နဲ့ Game တွေကို များစွာ ထည့်သွင်းထားလေ့ ရှိပါတယ်။ သိုလှောင်နိုင်မှု ပမာဏ မြင့်မားတဲ့  Device တွက် ပြသနာမရှိပေမယ့် သိုလှောင်နိုင်မှု ပမာဏ နည်းပါးနေမယ်ဆိုရင်တော့ ဒါဟာ ကြီးမားတဲ့ ပြသနာရပ် တစ်ခုပဲ ဖြစ်ပါတယ်။
5. Process အများအပြားကို တစ်ပြိုင်နက် အသုံးပြုခြင်း ဆင်ခြင်ပါ။
          Android ရဲ့ အားသာချက်တစ်ခုဖြစ်တဲ့ တစ်ချိန်ထဲမှာ Process အများအပြား အသုံးပြုမှုကို ဆင်ခြင်သင့်ပါတယ်။ အသုံးပြုလို့ ရနိုင်တာ မှန်ပေမယ့် အကြောင်းတစ်စုံတစ်ရာကြောင့် Stop ပြုလုပ်ရမယ်ဆိုရင် Web browser လို Application တွေအတွက် Data Error ဖြစ်နိုင်ပါတယ်။
6. Device များကို Reboot ပြုလုပ်ပေးပါ။
          တချို့သော Android User များဟာ Device များကို အချိန်အကြာကြီး Reboot မပြုလုပ်ဘဲ သုံးစွဲလေ့ရှိပါတယ်။ အချို့သော Peocess များနဲ့ installation များ အတွက် Device တွေကို Reboot ပြုလုပ်ပေးဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဒါ့ကြောင့် အနည်းဆုံး သုံးရက်ကို တစ်ကြိမ်တော့ Device Reboot ပြုလုပ်ပေးသင့်ပါတယ်။
7. Launcher ကိုတစ်ခုထက် ပိုမို မသုံးစွဲသင့်ပါ။
          Android ရဲ့ Launcher တွေဟာ ဆန်းသစ်မှုတစ်ခုလို့ ဆိုနိုင်ပြီး ပုံစံ၊ ဒီဇိုင်းများစွာနဲ့ အလွယ်တကူရယူနိုင်မှာ ဖြစ်ပါတယ်။ Default ပါဝင်တဲ့ home နဲ့ Launcher တွေဟာ အဆင်မသင့် ခဲ့ဘူးဆိုရင်တော့ Display ကို ပြသနာဖြစ်စေနိုင်တဲ့အတွက် Launcher ကို ထည့်သွင်း အသုံးပြုမယ်ဆိုရင် တစ်မျိုးထဲ အသုံးပြုသင့်ပါတယ်။
8. Root ပြုလုပ်ထားတဲ့ Device များအတွက် Superuser ပိတ်ထားပါ။
          Android ရဲ့ Root ပြုလုပ်ထားတဲ့ Device များမှာ Super User ကို အသုံးမလိုရင် ပိတ်ထာသင့်ပါတယ်။ Superuser ရဲ့ လုပ်ဆောင်ချက်တွေဟာ Device ကို အသုံးပြုချိန်မှာ ပိုမိုလေးလံစေပြီး System ထဲကိုလည်း ၀င်ရောက် ပြင်ဆင်နိုင်တဲ့အတွက် အသုံးမပြုလိုတဲ့အချိန်တွေမှာ ပိတ်ထားသင့်ပါတယ်။
9. Auto-Syne ကို ပိတ်ထားပါ။
          Auto-Sync ဆိုတာကတော့ Android Account တွေရဲ့ Wifi ချိတ်ဆက် အသုံးပြုချိန်မှာပဲဖြစ်ဖြစ် EVDO နဲ့EDGE အသုံးပြုတဲ့ အချိန်မှာပဲ ဖြစ်ဖြစ် Data တွေကို သိမ်းဆည်း ဖလှယ်ပေးတဲ့ နည်းစနစ်တစ်ခု ဖြစ်ပါတယ်။ Auto-Sync  ကို ပိတ်ထားခြင်းဖြင့်  Battery အသုံးပြုနှုန်းရဲ့10 ရာခိုင်နှုန်းကို သက်သာစေနိုင်သလို လုပ်ဆောင်ချက်တွေကိုလည်း ပိုမို မြန်ဆန်စေမှာ ဖြစ်ပါတယ်။
10. Hardware နှင့် ကိုက်ညီသော Android Version ကိုသာ အသုံးပြုပါ။
          Android Version အသစ်တွေများစွာဟာ သတ်မှတ် Hardware တွေအလိုက် ထွက်ရှိနေပါတယ်။ မိမိရဲ့ Device ဟာသတ်မှတ် Version  အလိုက်သာထည့်သွင်း အသုံးပြုနိုင်မယ်ဆိုတာ သိထားသင့်ပါတယ်။ Version မှားယွင်းမှုကြောင့် Device အပေါ်မှာ ထိခိုက်မှုများစွာ ဖြစ်ပေါ်စေနိုင်ပါတယ်။

Wednesday, May 28, 2014

ကွန်ပျူ တာ လိမ်ရောင်းနည်း




  ခေါင်းစဉ်မြင်လိုက်တော့ စိတ်ဝင်စားသွားမယ်ထင်ပါတယ်..ဒါပေမယ့် ဗဟုသုတအနေနဲ့ တင်ပြပေးလိုက်တာပါ..ဘယ်လိုလဲဆိုတော့..အခုတိုးတက်လာတဲ့ခေတ်ကြီးမှာ လူတိုင်းနီးပါးက ကွန်ပျူတာ တွေ LapTop တွေ အစုံအလင်ကိုင်လာနိုင်ကြတယ်..တစ်ချို့က အသုံးလိုလို့ဝယ်တယ်..တစ်ချို့က ဂိမ်းဆော့ချင်လို့.တစ်ချို့က သူငယ်ချင်းတွေရှိရင်.ငါလဲရှိရမယ်ဆိုတဲ့ စိတ်..ဘယ်လို..ဘယ်လိုအကြောင်းတွေကြောင့်ဘဲဖြစ်ဖြစ်..အပြိုင်အဆိုင် ၀ယ်ယူလာကြပါပြီ..နားလည်တဲ့ သူရှိသလို..နားမလည်တဲ့သူတွေလဲရှိပါတယ်..ဒါကိုအခွင့်ကောင်းယူပြီး ရောင်းချသူအချို့က ကွန်ပျူတာ CPU ကိုလိမ်ပြီးရောင်းပါတယ်..ဘယ်လိုလိမ်လဲဆိုတော့ နဂိုက CPU P4 ကို.. Dual Core i5 ဆိုပြီး လိမ်ညာ ရောင်းချလိုက်တာမျိုးပါဘဲ..ကဲ..ဒီမှာတင်ဇာတ်လမ်းစပါပြီ..တစ်ချို့ဝယ်မယ့်သူတွေကလဲ i3, i5 i7.စသဖြင့် အသံလေးကြားရုံနဲ့တင် ၀ယ်ဖို့ဆန္ဒပြင်းထန်နေကြပါပြီ..ဒီလိုသာ လိမ်ရောင်းတာခံလိုက်ရမယ် ဆိုရင် ကိုယ့်အတွက် တော်တော်ကြီးကိုနစ်နာသွားမှာပါ..ကဲ..ဒီတော့ ဘယ်လိုလိမ်သလဲဆိုတာကို ဆက်ပြောပါ့မယ်..အခုနည်းတင်ပေးတာက..အားလုံးဘဲ သတိပြုမိကြစေဖို့ပါ..ကွန်ပျူတာဝယ်ရင် ကွန်ပျူတာကိုသေချာကြည့်ပါ..ဥပမာ.မိမိက ကွန်ပျူတာ ၀ယ်မယ်ဆိုရင် ပိုက်ဆံရှိပြီဆိုတာနဲ့ ချက်ချင်း ဆိုင်ကိုပြေးမ၀ယ်ပါသေးနဲ့ဦး..အရင်ဆုံး ကိုယ်ဝယ်လိုတဲ့ ဆိုင်ကို အရင်သွားပါ..မိမိစိတ်ကြိုက်ကွန်ပျူတာကိုတွေ့ရင် Model နံပတ်နဲ့အရောင်အမျိုးအစားကို မှတ်သားပြီး..အင်တာနက်ပေါ်သို့တက်ပါ..ပြီးတာနဲ့ မိမိမှတ်သားလာတဲ့ မော်ဒယ်နံပတ်ကို အင်တာနက်မယ် ရိုက်ပြီးရှာကြည့်ပါ။ အရောင်တူနေတယ်..ပုံစံတူနေတယ် ဆိုရင်တော့ ပြသနာမရှိပါဘူး..မတူဘူးဆိုရင်တော့ သတိထားဖို့အကြံပေးပါရစေ..



ကဲစာဖတ်သူရဲ့ ကွန်ပျူတာကို အခုအထိ မပေါ်သေးတဲ့ intel pentium 9 လုပ်ကြည့်မလား .... ဒါက သူငယ်ချင်းတွေကို အကြောင်ရိုက်ပြီးနောက်လို့ရပါတယ် .. ကိုယ့်ကွန်ပျူတာရဲ့ cpu ဟာ ဘယ်လိုအမျိုးအစားပဲဖြစ်ဖြစ်ပေါ့ .. ဥပမာ .. pentium III ဆိုကြပါစို့ .. ကိုက သူငယ်ချင်းတစ်ယောက်ကိုရောင်းချင်တယ်ပေါ့ ... မျက်နှာပန်းလဲလှချင်တယ်ပေါ့ ... ဟဲဟဲ ချက်ချင်းကို အခုအချိန်အထိ မပေါ်သေးတဲ့ pentium 9 အထိကိုပါ ပြောင်းပစ်လိုက်လို့ရတယ် ... စမ်းကြည့်မလား .. ကျွန်တော် ဒီပို့စ်လေးကို ရေးတာ နားမလည်တဲ့ သူငယ်ချင်းများကို မိမိကွန်ပျူတာ လိမ်ရောင်းဖို့မဟုတ်ပါဘူး ... သူများလိမ်လာမှာကို ကိုက နားလည်အောင်လို့ပါ ...
start>>





run>> ကိုသွားပြီး regedit လို့ ရိုက်ထည့်လိုက်ပါ ပြီးရင် enter ..
Hkey_loval_machine>>
Haadware>>
Description>>
system>>
Central Processor ကို သွားလိုက်ပါ ..
ပြီးလျှင် မိမိကွန်ပျူတာရဲ့ Processor Name string ကို နှိပ်ပြီး မိမိကြိုက်တဲ့ အမျိုးအစားကို ပြန်ပြင်ရိုက်လို့ရပါပြီး ..