Blogger news

Tuesday, January 21, 2014

ဘောလုံးပွဲတွေကို Android Tablet နဲ့ Android Phone တွေကနေ တိုက်ရိုက်ကြည့်မယ်


 

ကမ္ဘာတစ်လွှားက Leagues ပေါင်းစုံ ၊ World Cup ၊ ချစ်ကြည်ရေးပွဲတွေအပါအဝင် မထင်မရှားနိုင်ငံလေးတွေရဲ့ ဘောလုံးပွဲစဉ်တွေကိုပါ တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ် ။ ကျွန်တော်ကိုယ်တိုင်ကလည်း ဘောလုံးကို Crazy ဖြစ်သလို အလုပ်မအားလပ်တဲ့ အချိန်တွေမှာ ဘောလုံးပွဲတွေကို လွယ်လွယ်ကူကူ မိုဘိုင်းဖုန်းကနေကြည့်နိုင်အောင် တစ်ခြားလူတွေအတွက်ပါ တင်ပေးလိုက်ခြင်းဖြစ်ပါတယ် ။ ဒီ Apk ကဘောလုံးပွဲ Result တွေကိုတိုက်ရိုက်ကြည့်တာမဟုတ်ပါဘူး ၊ ဘောလုံးကန်နေတာကို တိုက်ရိုက်ကြည့်နိုင်တဲ့ Apk ကောင်းပါ ။ အရင်ဆုံး သင်ကြည့်မယ့် Android Device မှာ Flash Player ကို Install လုပ်ထားမှအဆင်ပြေမှာ ဖြစ်ပါတယ် ။ 3G ဖြစ်တဲ့ အင်တာနက်လိုင်းဖြစ်ရင်တော့ အကောင်းဆုံးပေါ့ဗျာ ။

  ဘောလုံးပွဲ တိုက်ရိုက်ကြည့်နည်း


( ၁ ) Flash Player Apk ကို Install လုပ်ပါ ပြီးရင် အောက်မှာပေးထားတဲ့ ဘောလုံးပွဲ တိုက်ရိုက်ကြည့်လို့ရမယ့် Apk ကို Install ထပ်လုပ်ပါ ။

( ၂ ) Soccer Live Apk ကိုဖွင့်လိုက်ပါ ။ လက်ရှိကန်နေတဲ့ ကမ္ဘာတစ်လွှားက ဘောလုံးပွဲစဉ်တွေကို တွေ့ရပါလိမ့်မယ် ။

( ၃ ) မိမိကြည့်ချင်တဲ့ ဘောလုံးပွဲကို ထောက်လိုက်ပါ ၊ Links တွေကျလာတာနဲ့ ကြိုက်တဲ့ Link ကိုထောက်လိုက်ပါ ။

( ၄ ) Web ထဲရောက်သွားပါလိမ့်မယ် ၊ Loading ပြနေပြီး Ads တွေတက်လာပါလိမ့်မယ် ။

( ၅ ) စက္ကန့် ၂၀ လောက်ကြာရင် Ads တွေရဲ့ X သင်္ကေတလေးတွေကို ပိတ်ပြီး ဘောလုံးပွဲ စတင်ကြည့်ရှုနိုင်ပါပြီ ။ Full Screen သင်္ကေတလေးကို အမြန်နှိပ်ရင်တော့ Ads တွေမတက်လာတော့ပါဘူး ။

အားလုံးပဲ အဆင်ပြေပြေ ဘောလုံးပွဲတွေ ကြည့်ရှုနိုင်ကြပါစေ .....

   

Flash Player ကိုဒေါင်းရန်..................  dropbox



Live Fooball ကိုဒေါင်းရန်................dropbox

0 comments:

Post a Comment