Android OS ဟာ Google ရဲ့ထုတ်ကုန်တစ်ခုပဲဖြစ်ပါတယ် ။ Android Version အဆင့်ဆင့်ဟာ ထူးထူးခြားခြား မုန့်နာမည်လေးတွေ နဲ့ပွဲထုတ်လာခဲ့တာဖြစ်သလို ABC အစဉ်လိုက်နဲ့ လူအများရဲ့ စိတ်ဝင်စားမှုကို ရယူနိုင်ခဲ့ပါတယ် ။ Android Operating System ကိုပထမဆုံး အသုံးပြုခဲ့တဲ့ ဖုန်းကတော့ HTC Dream ပဲဖြစ်ပါတယ် ။ Android သမိုင်းကို လေ့လာကြည့်မယ်ဆိုရင် - - - - - - -
Android 1.0
၂၃ ရက် စက်တင်ဘာ ၂၀၀၈ မှာ Google ဟာသူတို့ရဲ့ Android OS ကိုပွဲထုတ်ခဲ့ပြီး HTC Dream မှာပထမဆုံး အသုံးပြုခဲ့ပါတယ် ။
Android 1.1
၉ ရက် ဖေဖော်ဝါရီ ၂၀၀၉ မှာ HTC Dream ဖုန်းကိုသာ Update ပေးတဲ့အနေနဲ့ Version 1.1 ကို Release လုပ်ခဲ့ပါတယ် ။ Features တော်တော်များများကို ထည့်သွင်းပေးခဲ့ပေမယ့် Android ကိုနာမည်မပေးသေးခဲ့ပါဘူး ။
Android 1.5 ( Cupcake )
၃၀ ရက် ၄ လ ၂၀၀၉ မှာတော့ Google ဟာ Cupcake ဆိုပြီး သူတို့ရဲ့ Version ကိုပထမဆုံး နာမည်ပေးခဲ့ပါတယ် ။ HTC အပြင် တစ်ခြားဖုန်းတွေမှာပါ စတင်အသုံးပြုခဲ့ပါတယ် ။Third-Party နဲ့ Home Screen ပေါ်မှာ Widgets တွေကို အသုံးပြုလို့ရအောင် ထုတ်လုပ်ပေးခဲ့ပါတယ် ။ Widgets System ဟာ Android OS ကို iOS ထက်ခေါင်းတစ်လုံးသာစေခဲ့ပါတယ် ။
Android 1.6 ( Donut )
၁၅-၉-၂၀၀၉ မှာတော့ Donut နာမည်နဲ့ Release ထပ်လုပ်ခဲ့ပါတယ် ။ အတော်အသင့် အောင်မြင်မှုရခဲ့တဲ့ Version ပဲဖြစ်ပါတယ် ။
Android 2.0 , 2.1 ( Eclair )
၂၆-၁၀-၂၀၀၉ မှာ Eclair ဆိုတဲ့ မုန့်နာမည်လေးနဲ့ ထပ်ပြီး Update ပေးခဲ့ပါတယ် ။ Microsoft Exchange , HTML5 , Google Maps စတဲ့ Specifications တွေပါဝင်လာခဲ့ပါတယ် ။
Android 2.2 ( Froyo )
မေလ ၂၀ရက် ၂၀၁၀ မှာ Release လုပ်ခဲ့တဲ့ Froyo မှာတော့ Android Cloud To Device Messaging , Push Notifications , Wi-Fi Hotspot , Adobe Flash စတာတွေ ပါဝင်လာခဲ့ပါတယ် ။
Android 2.3 ( Gingerbread )
၆ ရက် ဒီဇင်ဘာ ၂၀၁၀ မှာတော့ အောင်မြင်မှုအရမ်းရခဲ့တဲ့ Gingerbread ကို Release လုပ်ခဲ့ပါတယ် ။ ၂၀၁၁ ရဲ့ ကမ္ဘာ့ရောင်းအား အကောင်းဆုံး မိုဘိုင်းဖြစ်တဲ့ Samsung Galaxy S II မှာအသုံးပြုခဲ့ပြီး Galaxy S II အောင်မြင်ဖို့ Gingerbread ကအဓိကနေရာမှ ပါဝင်ခဲ့ပါတယ် ။ Features တွေကတော့ Copy / Paste ( ဖုန်းတွေမှာ ကူးချင်တဲ့ စာလုံးတွေကို ဖိထားခြင်း ) ၊ Download Manager ( from Web Browser , Email , Any Application ) တို့အပြင် အရမ်းအောင်မြင်သွားတဲ့ Google Talk ( G-Talk ) ကိုပထမဆုံး အကြိမ် Android Users တွေထံ အရောက်ပေးပို့ခဲ့ပါတယ် ။
Android 3.0 , 3.1 , 3.2 ( Honeycomb )
၂၂ ရက် ၂ လ ၂၀၁၁ မှာ ထွက်လာတဲ့ Honeycomb ကတော့ Tablets တွေနဲ့ Screen Size ကြီးမားတဲ့ Device ကိုရည်ရွယ်ပြီး ထုတ်ခဲ့တာပါ ။ ဖုန်းတွေမှာ အသုံးမပြုခဲ့ပါဘူး ။
Android 4.0 ( Ice-Cream Sandwich )
၁၉ ရက် အောက်တိုဘာ ၂၀၁၁ မှာပွဲထွက်လာတဲ့ Ice-Cream Sandwich ကတော့ Gingerbread ရဲ့ အောင်မြင်မှုမျိုး ပြန်ရခဲ့ပါတယ် ။ Ability to access directly from Lock Screen , Wi-Fi Direct , NFC စတဲ့ Features တွေနဲ့ပွဲထုတ်ခဲ့ပါတယ် ။
Android 4.1, 4.2 , 4.3 ( Jelly Bean )
လောလောဆယ် နောက်ဆုံး Version ဖြစ်တဲ့ 4.3 ကတော့ Jelly Bean ပါ ။ ၂၇ ရက် ဇွန်လ ၂၀၁၂ မှာတော့ Jelly Bean 4.1 ကို စပြီး Release လုပ်ခဲ့ပါတယ် ။ ပိုမိုပြီး ချောမွေ့တဲ့ Touch ပိုင်းကိုအထူးပြင်ဆင်ခဲ့ပါတယ် ။ ယနေ့အချိန်ထိ အောင်မြင်နေတဲ့ Jelly Bean ပါ ။
Android 4.4 ( Kit Kat )
Kit Kat ဆိုတဲ့ ချောကလက် မုန့်နာမည်နဲ့ Android OS နောက်ဆုံး Version ကိုတော့ Google ဟာ ၁၅ ရက် အောက်တိုဘာ ၂၀၁၃ မှာကြေငြာမှာဖြစ်တယ်လို့ သတင်းတွေထွက်နေပါတယ် ။ Google Nexus 5 နဲ့အတူ Kit Kat ( 4.4 ) ဟာပွဲထွက်လာနိုင်ပါတယ် ။ Galaxy S3 , Galaxy S4 , Galaxy Note 2 , Galaxy Note 3 တို့ဟာ Kit Kat ထွက်လာတာနဲ့ Official Update ရမယ့် Devices တွေပါ ။
Cupcake
Donut
Eclair
Froyo
Gingerbread
Honeycomb
Ice-Cream Sandwich
Jelly Bean
Kit Kat
L ?????
0 comments:
Post a Comment