ရွှေရိုး အဘိဓာန် (Shweyoe Dictionary for Windows) ကို Update ပြုလုပ်ထားသော Shweyoe Dictionary Version 3 ဖြစ်ပါတယ်။ Shweyoe Version 3 တွင် ဘာသာစကား ငါးမျိုးမှ မြန်မာဘာသာသို့ အပြန်အလှန် အလွယ်တကူ ဘာသာပြန်ဆိုနိုင်ပါတယ်။
အသုံးပြုနိုင်သော ဘာသာစကားများမှာ -
- အင်္ဂလိပ် <-> မြန်မာ
- ရုရှား <-> မြန်မာ
- ကိုရီးယား <-> မြန်မာ
- ထိုင်း <-> မြန်မာ
- ဂျပန် <-> မြန်မာ
- Wikipedia , Wiktionary
- Design Improvement and Improve Performance
- Support Zawgyi font and keyboard
- Add new words for five languages and myanmar orthography
Shweyoe Dictionary Version 3 အား အသုံးပြုရန်အတွက်NET Framework Version 4.5.1 မိမိကွန်ပြူတာတွင် ရှိရမှာဖြစ်ပါတယ်။ Net frame 4.0 တွင်အခြေခံပြီး ရေးထားခြင်းကြောင့်၊NET Framework Version 4.5.1သွင်းထားပီးမှ Shweyoe Dictionary Version 3 ကို Install လုပ်ရမှာဖြစ်ပါတယ်။ Windows 8 အသုံးပြုသော ကွန်ပြူတာများတွင်တော့ NET Framework Version 4.5.1သွင်းရန်မလိုပါ။
ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုပုံမှာလည်း ရိုးရှင်းပါတယ်။ မြန်မာစာလုံးများအတွက် အသုံးပြုသူများနှင့် ရင်းနှီးပီးသားဖြစ်သော “ဇော်ဂျီဖောင့်” နှင့် “ဇော်ဂျီကီးဘုတ်” ကို အသုံးပြုထားပါတယ်။
Shweyoe Dictionary Version 3 အကြောင်းနှင့် အသုံးပြုပုံ overview လေးပါ ~~
Shweyoe Dictionary Version 3 ရဲ့ Screenshot များ ဖြစ်ပါတယ် ~~
- ရိုးရှင်းတိကျသော အင်္ဂလိပ် <-> မြန်မာ ဘာသာပြန်ဆိုမှုနှင့် အသံနှင့်ဘာသာပြန်ဆိုခိုင်းနိုင်မှု ~
- ဘာသာစကားငါးမျိုးမှ မြန်မာဘာသာသို့ အပြန်အလှန်ဘာသာပြန်ဆိုနိုင်ခြင်း ~
- အခမဲ့ References ဘဏ်တိုက်ကြီး Wikipedia အား OneClick ဖြင့် ခေါ်ယူအသုံးပြုနိုင်ခြင်း (Online) ~
- နယ်ပယ်အသီးသီးမှ စကားလုံးအသစ်များ စိတ်ကြိုက်ဖန်တီးမှုစကားလုံးများကိုလည်း နှစ်သက်ရာ ဘာသာစကားငါးမျိုး အဘိဓာန်ထဲတွင် ထည့်သွင်းအသုံးပြုခြင်း ~
စသည်အားဖြင့် ဘက်စုံသုံး အဘိဓာန်တစ်ခုသဖွယ် အသုံးပြုနိုင်ပါတယ်။ Shweyoe Dictionary သည် FOC (Free Of Charges) ဖြစ်သည့်အတွက်ကြောင့် မည်သူမဆို အခကြေးငွေ ပေးဆောင်စရာ မလိုပဲ လွတ်လပ်စွာအသုံးပြု မျှဝေနိုင်ပါတယ်။ လေးစား ဂုဏ်ပြု ကျေးဇူးတင်အပ်ပါသည်။
dropbox
NetFraem 4.5.1
0 comments:
Post a Comment