ကျွန်တော်တို့ Blog မှာ ပို့စ်လေးတွေ ရေးတင်တဲ့ခါ ပို့စ်ရဲ့ အမျိုးအစား Label ကို ရေးပေးရပါတယ်။
ဒါမှလည်း နောက်ပိုင်း ကိုယ့် Blog ကို လာလည်သူတွေ သူတို့လိုချင်တဲ့ သိချင်တဲ့ ပို့စ်အမျိုးအစားတွေကို
လွယ်ကူစွာ ရှာဖွေ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်တင်တဲ့ပို့စ်တွေ အမျိုးအစား စုံလင်ပြီး များလာတဲ့အခါ
Labels တွေက အရှည်ကြီး ဖြစ်လာပါတယ်။ အပေါ်ကပုံလေးလို Scroll Bar လေးနဲ့ ချုံ့ထားလိုက်ရင်တော့
ကိုယ့် Blog ရဲ့ Side Bar မှာ နေရာစားသက်သာသွားပြီး ရှင်းလင်း သေသပ်နေတာကို တွေ့မြင်ရမှာပါ။
အဲလိုမျိုး သဘောကျတယ်ဆိုရင်တော့ Design >> Layout >> Add a Gadget >> HTML/JavaScript
ကို အဆင့်ဆင့်သွားပြီးတော့ အောက်က ကုတ်လေးကို ကော်ပီကူးထည့်ပြီး Save ကို နှိပ်လိုက်ရုံပါပဲ..။
0 comments:
Post a Comment