Blogger news

Thursday, June 26, 2014

www.google.com.mm ကို မြန်မာဘာသာဖြစ်သုံးနိင်ပြီး

မသိသေးသူများအတွက် www.google.com.mm
 
မှာ မြန်မာစာကို မှန်ကန်စွာ မြင်ရရန်နှင့် Myanmar Unicode Kayboard ပုံကိုဖေါ်၍ ကြည့်ပြီးရိုက်ကြရအောင်....

အရင်ဆုံး Mozilla Firefox ကို ဖွင့်လိုက်ပါ။အပေါ်ထောင့်က Menu ဖြစ်တဲ့ Firefox ကို နှိပ်ပြီးဝင်လိုက်ပါ

Add-ons ဆိုတဲ့အထဲကို ဝင်ပါ။
အပေါ်ထောင့်က Search ထဲမှာ tagu plugin လို့ ရေးပြီးရှာလိုက်ပါ။
( တန်ခူး ) ဆိုပြီးဆော့ဝဲထွက်လာပါမယ် install လုပ်ပေးလိုက်ပါ သင့်Browser တွင် Unicode ဖောင့်ကို မှန်စွာမြင်ရသွားပါပြီ ( မမြင်ရပါက ပိတ်ပြီးပြန်ဖွင့်လိုက်ပါ ok သွားပါမယ် )
Myanmar Unicode Kayboard ကိုဖေါ်၍ ကြည့်ပြီးအရိုက်လေ့ကျင့်ရအောင်
www.google.com.mm
 
သို့ဝင်ရောက်ပြီးတဲ့အခါမှာ ( Google.com.mm offered in: မြန်မာဘာသာ ) ဆိုတဲ့ စာလေးကိုနှိပ်လိုက်ပါ ။
Search အကွက်၏ ညာဘက်ထောင့်မှာ ကီးဘုတ်ပုံလေးတွေ့ပါမယ် နှိပ်ပေးလိုက်ပါ။
သင့်ရဲ့ကွန်ပြူတာ မှန်သားပြင်စခရင်ပေါ်မှာ ပုံထဲကအတိုင်း Unicode Kayboard ရိုက်နည်း ပုံလေးထွက်လာပါပြီ Myanmar Unicode လက်ကွက်ကြည့်၍ သင် အရိုက်လေ့ကျင့်လို့ရပါပြီ။

မလုပ်တတ်ဘူးဆိုပါက လုပ်နည်းဗွီဒီယိုကို ဒီမှာနှိပ်၍ ကြည့်ပြီးလုပ်နိုင်ပါတယ်
https://www.youtube.com/watch?v=qXUXwmbdnP8

Google Chrome သမားများအတွက် Myanmar Unicode ကို မှန်စွာမြင်ရအောင်လုပ်နည်းလေးပါ
Google Chrome ရဲ့ Menu ထဲဖြစ်တဲ့အထဲကိုဝင်လိုက်
Settings ထဲဝင်လိုက်ပါ။
Extensions ထဲဝင်လိုက်ပါ။

အဲဒီထဲဝင်လိုက်တာနဲ့ get more extensions ဆိုတာကိုတွေ့ပါမယ် နှိပ်လိုက်ပါ။
chrome web store ထဲရောက်သွားပါပြီ tagu plugin လို့ ရေးပြီးရှာလိုက်ပါ။
( တန်ခူး ) ဆိုပြီးဆော့ဝဲထွက်လာပါမယ် install လုပ်ပေးလိုက်ပါ။
သင့်Browser တွင် Unicode ဖောင့်ကို မှန်စွာမြင်ရသွားပါပြီ ။
( မမြင်ရပါက ပိတ်ပြီးပြန်ဖွင့်လိုက်ပါ ok သွားပါမယ် )

အားလုံးပဲ အဆင်ပြေကြပါစေ.....။

မှတ်ချက် ။ ။ Unicode ဆော့ဝဲသွင်းထားပြီးပြီဆိုရင် ယူနီကုဒ်မသုံးထားပဲ ရိုးရိုးရေးထားတဲ့ဆိုက်တွေက မမှန်တော့ပါဘူး။ယူနီကုဒ်အသုံးပြုပြီး ရေးထားတဲ့စာတွေပဲ မှန်တော့မှာပါ ။ အရင်လိုပြန်မှန်ချင်တယ်ဆိုရင် ယူနီကုဒ်ဆော့ဝဲကို ပြန်ဖျက်စရာမလိုပါဘူး ။

ကျနော်လုပ်နည်းရေးထားတဲ့အတိုင်းပြန်ဝင်လိုက်ပါ ပြီးရင် Extensions ထဲဝင်လိုက်ပါ ။
ကိုယ်အင်စတောလုပ်ထားတဲ့ ကောင်တွေတွေ့ပါမယ်။
အဲဒီမှာ ( တန်ခူး ) ဆော့ဝဲက Disable ဆိုတာကို နှိပ်ပြီးပိတ်လိုက်ပါ Enable ဆိုပြီးပြောင်းသွားပါမယ် ။

အဲလိုလုပ်ပြီးပြီဆိုရင် ကိုယ်ကြည့်နေတဲ့ဆိုက်က မမှန်ဘူးဆိုတဲ့လင့်ကို Reflash လုပ်ပေးလိုက်ပါ ပြန်မှန်သွားပါပြီ ။ ဒါမှမဟုတ်လဲ Browser ကို ပိတ်ပြီး ပြန်ဖွင့်လိုက်ပါ အရင်လိုမှန်သွားပါပြီ ယူနီကုဒ်နဲ့ရေးထားတဲ့ဆိုက်က စာတွေမှန်အောင်ပြန်ဖတ်ချင်တယ်ဆိုရင်တော့ ပြန်သွားပြီး Enable ဆိုတာကို နှိပ်ပေးလိုက်ပေါ့နော်
အားလုံးပဲ အဆင်ပြေပါစေ...

0 comments:

Post a Comment