အသစ်ထွက်မည့် Nokia Lumia စမတ်ဖုန်းတွင် Android ကို အသုံးပြုဖွယ်ရှိ
အသစ်ဖြန့်ချိမည့် Microsoft ၏ Lumia စမတ်ဖုန်းတွင် Android ကို အသုံးပြုဖွယ်ရှိကြောင်း၊ အဆိုပါ Lumia စမတ်ဖုန်းကို Nokia by Microsoft အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ဖွယ်ရှိကြောင်း evleaks က ဖော်ပြခဲ့သည်။
Lumia စမတ်ဖုန်းသစ်တွင် Android full version အသုံးပြုခြင်း ရှိ၊ မရှိနှင့် Nokia X ကဲ့သို့ Google ဝန်ဆောင်မှုများကို မမှီခိုဘဲ အသုံးပြုခြင်း ရှိ၊ မရှိကို အသေအချာ မသိရသေးပေ။ Nokia X တွင် Play Store အစား Nokia Store နှင့်အတူ third-party app store များမှ နာမည်ကျော် Android app များကို ထောက်ပံ့ပေးထားသည်။
Nokia သည် ဈေးနှုန်းသက်သာသည့် စမတ်ဖုန်းဖြစ်သော Nokia X2 ကို မကြာသေးမီက ထပ်မံ မိတ်ဆက်ပေးခဲ့ပြီး ၎င်းကို ယခုလကုန်ပိုင်းတွင် တင်ပို့ရောင်းချရန် စီစဉ်ထားသည်။ အဆိုပါ ဈေးနှုန်းသက်သာသည့် Nokia X စမတ်ဖုန်းများသည် ဈေးကွက်အတွင်းရှိ feature ဖုန်း သုံးစွဲသူများကို ဆွဲဆောင်နိုင်ရန် အတွက် Microsoft က ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်သည်။
Microsoft သည် ၂၀၁၃ ခုနှစ်က Nokia ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ လုပ်ငန်းကို အမေရိကန်ဒေါ်လာ ၇.၂ ဘီလီယံဖြင့် ဝယ်ယူခဲ့ပြီးနောက် Microsoft နှင့် Nokia တို့က မိုဘိုင်းအတွက် ပူးပေါင်းဆောင်ရွက်သည့် လုပ်ဖော်ကိုင်ဖက်များ ဖြစ်လာခဲ့သည်။

0 comments:
Post a Comment